"ဘယ်မှမသွားရဘူး ထိုင်နေ!"
တစ်ချက်လွှတ်အမိန့်အရ ထဖို့ပြင်နေသည့် Jisoo မထရဲတော့ပါ။ အခုကကျောင်းရဲ့ ထမင်းစားချိန်ဖြစ်တာလေ။ Jennie နဲ့ဝေးဝေးနေလို့ရတဲ့ တစ်ခုတည်းသောအချိန်။ Jennie ဟာ ဒီလိုအချိန်တွေဆို အတန်းထဲမှာပဲနေတာများသည်။
"ငါ ဗိုက်... ဗိုက်ဆာလို့"
အရင်ကလို Jennie ကို ရန်တွေ့တတ်တဲ့အကျင့်လေးရှိသေးလို့ ရန်တွေ့လိုက်ပြောမိပေမဲ့ ကြောက်ရွံ့မှုကလည်းရောယှက်နေသည်။
"ရော့ ဒါစား"
Jennie ဟာ သူ့အိတ်ထဲကနေထည့်လာသော ပေါင်မုန့်နဲ့ အအေးဘူးကို Jisoo အတွက်ထုတ်ပေးလေသည်။ Jisoo ငိုပါငိုချင်လာသည်။ ဒီအချိန်လေးပဲ သူနှင့်ဝေးဝေးနေရတာမလား။ ခုနက တစ်ချိန်လုံးသူအသားယူတာကိုခံနေရသည်လေ။ Jennie ဟာ ပိုပိုရဲတင်းလာသည်မို့ Jisoo ကြောက်သည်။ Jisoo ရှေ့လျောက် ဒီလိုပဲငြိမ်ခံနေလို့မရပါ။ ငြိမ်ခံနေလျှင် သူ့ဘဝကြီး Jennie လက်ထဲတကယ်ပါသွားလိမ့်မည်။
"ဟို Toilet သွားချင်လို့"
မုန့်ထုတ်ပေးပြီး စာပြန်ကြည့်နေတဲ့အကြည့်တွေဟာ ဆတ်ခနဲ Jisoo ဆီအကြည့်ရောက်လာတော့ Jisoo တံတွေးမြိုချမိလိုက်သည်။ ကိုယ်လေးလည်း ခုံနဲ့ကပ်နေအောင် နောက်ဆုတ်မိသွားသည်။ Jennie ရဲ့အကြည့်နဲ့တောင်ကြောက်တတ်လာအောင် Jennie ဟာ သူ့အပေါ်ပြုလုပ်နိုင်ခဲ့တာပဲ။
"ဟို... Toilet အရမ်း သွားချင်နေပြီမို့ပါ"
ဘာမှပြန်မပြောသေးတဲ့ Jennie ကြောင့် Jisoo သူ့လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာပွတ်နေမိသည်။
"ကောင်းပြီလေ"
Jisoo ရင်ထဲက အပူလှိုင်းနှင့် ကြောက်ရွံ့မှုတွေလျော့ကျသွားပြီး ပျော်သွားမိသည်။ Jennie အနားက ထွက်သွားနိုင်ရင်ကိုအလိုလိုပျော်နေပြီ။ ဒါနဲ့ Jisoo မှာ ဘာလို့ Toilet သွားတာကအစ သူ့ကိုခွင့်တိုင်နေရတာလဲ။
"တူတူသွားကြမယ် ငါလည်း Toilet သွားဖို့လိုတယ် Kim Soo"
Jisoo ထရပ်လိုက်ဖို့ပြင်လိုက်ချိန်မှာပြောလိုက်သည့်စကားကြောင့် Jisoo အပျော်တွေလွင့်စင်သွားသည်။