" ဆေးလိပ်ကို ဒီလောက်ပဲသောက်တော့လို့ "
ဂယူဘင်း အဖေ့ရဲ့ စကားကို လျစ်လျူရှုပြီး
ဆေးလိပ်ပါးစပ်မှာခဲရက်သားနဲ့
အခန်းထဲဝင်လာခဲ့လိုက်တယ်" ချီးပဲ ... တစ်သက်လုံး စွန့်ပစ်ထားခဲ့ပြီးတော့များ
ခုမှ ... "လွယ်နေကျလွယ်အိတ်ကို ကပျာကယာ
လွယ်လိုက်ပြီးတော့ ခြေဦးတည့်ရာ ထွက်လာခဲ့တယ်
ခြေဦးတည့်ရာဆိုတာထက်
ဂယူဘင်း လာနေကျနေရာဆို ပိုမှန်လိမ့်မယ်အဆောက်အအုံပျက်ကြီးတစ်ခု အနီးနားပတ်ဝန်းကျင်မှာ
လူနေရပ်ကွက်တစ်ခုခုလဲမရှိသလို
သုသာန်တစပြင်အလား ခြောက်ကပ်နေတဲ့နေရာ
သူများတွေက ဒီနေရာလို့ကြားလိုက်တာနဲ့
နှာခေါင်းရှုံ့ပြီး သွားဖို့မသင့်တော်တဲ့နေရာလို့
သတ်မှတ်ထားကြပေမဲ့ ဂယူဘင်းအတွက်ကတော့
သက်တောင့်သက်သာလာနေနေကျ နေရာပါပဲ
သူတစ်ယောက်တည်းတော့မဟုတ်ဘူးပေါ့" မုံမုံ... ငါ့ကို ဒီနေ့လဲ အဖေက စကားလာပြောပြန်ပြီ
ငါ အဲ့လူကြီးနဲ့ မပတ်သတ်ရဖို့ ငါဘယ်လိုလုပ်ရမလဲ "" အု .. အု "
စွန့်ပစ်ခံရတဲ့ GRခွေးလေးလို့ထင်ရတဲ့
ခွေးပေါက်သေးသေးလေး တစ်ကောင်လဲ
အဲ့နေရာမှာရှိတယ်
နာမည်အသစ်လေး မုံမုံလို့ပေးပြီးတော့ မုံမုံနေဖို့
အိပ်ဖို့ ခွေးအိမ်သေးသေးလေး...
အဲ့အဆောက်အအုံပျက်နေရာနဲ့ မလှမ်းမကမ်းမှာရှိတဲ့
သစ်သားအိမ်အဟောင်းလေးထဲမှာရှိတယ်
ဂယူဘင်းကိုယ်တိုင်လုပ်ပေးထားတာလေးပေါ့ဂယူဘင်းစိတ်ညစ်တိုင်း ဒီနေရာကိုလာပြီး မုံမုံနဲ့နေတယ်
မုံမုံနဲ့ဆော့နေတဲ့အချိန်ဆို ပုံမှန်မြင်နေကျ
မာမာထန်ထန် ဆေးလိပ်အမြဲခဲနေတဲ့
ဂယူဘင်းမဟုတ်ဘဲ သာမန်ကောင်လေး ဂယူဘင်းပေါ့
ဂယူဘင်းရဲ့ အဲ့လိုပုံစံကို မုံမုံနဲ့ ဂယူဘင်းညီလေးကလွဲပြီး
ဘယ်သူတစ်ဦးတစ်ယောက်မှ မြင်ဖူးမယ်မထင်ဘူး" မုံမုံ ဒီနားမှာနေရတာ
ညဆိုအများကြီးကြောက်နေမှာပဲ "" အု ... အူ အု အု ... "
" ငါမင်းကို ခေါ်ထားချင်တယ် မုံမုံ
ဒါပေမဲ့ ငါ့ကိုခဏတော့စောင့်ပေးမလား
ငါအိမ်က ထွက်လာလို့ ငါ့ညီလေးနဲ့ငါနေတဲ့အခါကျ
မုံမုံ့ကိုလဲ ခေါ်ထားမယ်လေ ... နော် "
YOU ARE READING
You don't love me, right?
Fanfiction" ငါ့နေရာရော မင်းတွေးကြည့်ဖူးလား ဟမ် မင်းနဲ့ လမ်းမခွဲဘူး ရှင်းမ်ရစ်ခီ ငါပြောပြီးသား " Gyuvin " မတောင်းပန်နဲ့ကိုကို ... ငါတောင်းပန်ခံချင်လို့ ပြောတဲ့စကားတွေမဟုတ်ဘူး ငါကိုကို့ကိုပြောခဲ့ပါတယ် ငါ့ဘဝထဲ မခေါ်ချင်ဘူး ကိုကိုက ပိုနာကျင်ရတဲ့သူဖြစ်မှာစိုးလ...