" ကင်မ်ဂယူဘင်းလို့ခေါ်ပါတယ်
international ကျောင်းတစ်ခုမှာတက်နေတာပါ "" ရစ်ခီက သူငယ်ချင်းအသစ်ခေါ်လာတယ်ဆိုလို့
အံ့ဩနေခဲ့တာလေ ဖြစ်မဲ့ဖြစ်တော့လဲ
ဥက္ကဋ္ဌကြီး ကင်မ်အွန်းထက်ရဲ့ သားကြီးတဲ့လား
တွေ့ရတာ ဝမ်းသာပါတယ် သား... "" ရစ်ခီ့ဆီ မကြာခဏလာလည်လို့ရလားဗျ
ကျွန်တော်လဲ ကျောင်းပြန်ချိန်ဆို အိမ်မှာပျင်းလို့လေ "" စိတ်ကြိုက်လာလည်လို့ရတယ် ဂယူဘင်း
ရစ်ခီလဲ ပျော်မှာပါ ... ကဲ ဒါဆို သူငယ်ချင်းတွေ
ခြံထဲနေကြအုံး စားချင်တာရှိရင်
အတွင်းရေးမှူးဂျောင် ကိုပြောလိုက်ကြနော် "ရစ်ခီ့အဖေထွက်သွားတော့ ခြံဝန်းထဲမှာ လေထုက
စိမ်းသက်စွာကျန်နေခဲ့တယ်" ငါနားမလည်နိုင်လို့ပါ ကင်မ်ဂယူဘင်း
မင်း ဒေါသတကြီးနဲ့ အဲ့လောက်လုပ်ခဲ့တဲ့ရစ်ခီ့ကို
ခုကျ လာလည်လို့ရလား ဆိုတော့
မင်း ဝိညာဉ်တွေဘာတွေလဲသွားတာလား "" ငါလဲ ပျင်းတယ်လေ သူငယ်ချင်းမရှိတာနဲ့
အတော်ပဲဖြစ်သွားလို့
အဲ့လိုပဲမှတ်ထားလိုက်လို့မရဘူးလား "" မသိဘူး မင်းညီလေးကမှ ခင်ဖို့ကောင်းသေးတယ်
မင်းနဲ့များတခြားစီ "" ငါက ဆေးလိပ်သောက်တတ်တာကလွဲရင်
ကျန်တာ ကောင်းပါတယ် "" ဒေါသအရမ်းကြီးတတ်တာတော့မကောင်းဘူး
ဟဟ "ရစ်ခီ ဝင်နှောင့်တော့ ဂယူဘင်း ဟိုကြည့်ဒီကြည့်နဲ့
မသိချင်ယောင်ဆောင်ရသေး" ဆေးလိပ်အရမ်းမသောက်ပါနဲ့လား "
" ဘာလို့လဲ ဆေးလိပ်က ကောင်းတယ်လေ
ငါ့မှာအဖော်မရှိရင် ဆေးလိပ်ကငါ့အကောင်းဆုံး
သူငယ်ချင်းပဲ "" ခု သူငယ်ချင်းရှိနေပြီပဲဟာ "
" စဉ်းစားကြည့်လိုက်ပါမယ် လတ်တလောတော့
တန်းဖြတ်လို့ရမှာမဟုတ်ဘူး "ပြောလဲပြော ဆေးလိပ်ကိုလဲ ထုတ်လိုက်ရင်း
ခပ်မြန်မြန် တစ်ဖွာလောက်ရှိုက်ပြီးတော့
မီးသတ်ပစ်လိုက်တယ်ရစ်ခီကတော့ ဂယူဘင်းဆေးလိပ်ထုတ်လိုက်တာ
မြင်တာနဲ့ တခြားတစ်နေရာကို
တန်းထွက်သွားလိုက်လေရဲ့
YOU ARE READING
You don't love me, right?
Fanfic" ငါ့နေရာရော မင်းတွေးကြည့်ဖူးလား ဟမ် မင်းနဲ့ လမ်းမခွဲဘူး ရှင်းမ်ရစ်ခီ ငါပြောပြီးသား " Gyuvin " မတောင်းပန်နဲ့ကိုကို ... ငါတောင်းပန်ခံချင်လို့ ပြောတဲ့စကားတွေမဟုတ်ဘူး ငါကိုကို့ကိုပြောခဲ့ပါတယ် ငါ့ဘဝထဲ မခေါ်ချင်ဘူး ကိုကိုက ပိုနာကျင်ရတဲ့သူဖြစ်မှာစိုးလ...