part 3

2.5K 94 1
                                    

"မမ..အိမ်ကနေပီး တက်လို့မရဘူးလားဟင် ကျောင်းကိုလဲဖေဖေနဲ့သွင် လိုက်ပို့လို့ရတာပဲ"
"အမလေး ....အမတော်လေးရယ် ရှင့်ရဲ့စာတွေကိုသာပုံမှန်လုပ်ပါအုံး လူကိုအကြိုအပို့လုပ်ဖို့ပြောနေသေးတယ်....ဖေဖေ့မာလဲအချိန်ပြည့်အားတာမဟုပ်ဘူးလေ..ပီးတော့ မမလဲ ဆေးရုံကိုလက်တွေ့ဆင်းရအုံးမာနဲ့ဆိုအိမ်ပြန်ဖို့ကအဆင်မပြေလို့ဆေးရုံနဲ့နီးတဲ့ တိုက်ခန်းတခုငှားထားတယ်"
"မမ ကသွားဖို့တောင်အားလုံးပြင်ဆင်ပီးနေပီကို သွင်ကခုမှသိရတယ်"    သွင်မျက်နှာငယ်လေးနဲ့ပြောနေတုန်း မေမေရောက်လာကာ
"မိသွင်...မမကိုဘာတွေဂျီတိုက်နေပြန်ပီလဲ..မီးမီး အငယ်မကို သိပ်ပီးအလိုမလိုက်စမ်းနဲ့ကွယ်"
သွင်  မမကိုတားမရတော့ မေမေ့ကိုစစ်ကူတောင်းမလို့စဥ်းစားလိုက်ပီး..
"မေမေ... မမကမိန်းခလေးနော်  တကယ်ကြီးတိုက်ခန်းမာတယောက်တည်းနေခိုင်းမလို့လား"
"တယောက်တည်းလို့နင့် ဘသူပြောတုန်း..သူ့သူငယ်ချင်းနှစ်ယောက်လဲပါတယ် ..ဘေးအခန်းတွေမာလဲ ကျောင်းသူတွေအများကြီးပဲ..ငါကအမေပါနော်ကိုယ့်သမီးကိုအန္တရယ်ရှိတဲ့နေရာမာထားပ့မလား"
"ဒါဆို ..သွင်လဲ မမနဲ့အတူသွားနေလိုက်မယ်...သွင်စိတ်မချဘူးမမကို" 
"ဒေါက်......"
မေမေ့လက်ကသွင့်ခေါင်းပေါ်သို့ ....
"တခုမှအားကိုးမရတဲ့သူကလေ..မီးမီးကိုဒုက္ခလိုက်ပေးမလို့လား"
"မမ..."သိပ်နာတာမဟုပ်တဲ့ခေါင်းကိုမမ ပခုံးနားလေးသို့ကပ်လိုက်တော့ မမက အလိုက်တသင့်လေး ပွတ်ပေးလေတယ်။
"ဟုပ်သားပဲ ငယ်ငယ်ရယ် ..အထက်တန်းကိုသာ အမှတ်ကောင်းကောင်းနဲ့အောင် အောင်ဖြေ ပီးရင် တက်ချင်တဲ့တက္ကသိုလ်ကို မမဆီကလာနေပီးတက် ဟုပ်ပီလား" ၀င့်၀ါပြောတော့ လက်မခံချင်ခံချင်နဲ့  "ဟုတ်" ဟုသာပြေန်ပြောလေသည်။၀င့်၀ါလဲ ဒီခလေးကိုထားပီးမသွားချင် ၀င့်၀ါမရှိရင် စာလဲကောင်းကောင်းမလုပ်သလို အစားလဲပုံမှန်စားမည့်သူမဟုပ်။ ဖေဖေကတအားအလိုလိုက်ထားတော့ မေမေ့စကားလဲကောင်းကောင်းနားမထောင်။၀င့်၀ါ ငယ်လေးကိုခေါ်သွားရင်ကောင်းမလားလို့ တွေးလာမိတယ်။
"မေမေ မဟုပ်ရင်လဲ ငယ်ငယ့် ကို မီးနဲ့နေခိုင်းလိုက်ပါလား ..အထက်တန်းနောက်ဆုံးနှစ်ရောက်နေပီ စာသေချာမလုပ်မာ မီး စိုးရိမ်လို့ "
"ဒါကြောင့်အစတည်းက အိမ်ကသူ့အဖေကို ပြောတာလေ ဆရာတယောက်ငှားပေးပါလို့ မိသွင်ကလဲလက်မခံ သူ့အဖေကလဲ သူ့သမီးဖက်က ဒီသားအဖနှစ်ယောက်နဲ့ငါလဲစိတ်ညစ်ပါတယ်"
"အဲ့ဒါက...သွင် မမနဲ့ပဲစာသင်ချင်လို့လေ သူများကဆူငေါက်မာလဲမခံနိုင်ပါဘူး"သွင် ဘုဆတ်ဆတ်ပြန်ပြောမိတော့...
မေမေက သက်ပြင်းမောချကာ
"ငယ်ငယ် ဒ်ီလိုလုပ်ရင် မမပဲပင်ပန်းမာနော်"
သွင် မေမေ့ကိုပြန်ပြောမလုပ်လုပ်နေတုန်း မမဆီမှစကားသံထွက်လာတော့ သွင်ပြောမဲ့ဟာလေးတွေ ပြန်မြိုသိပ်လိုက်ရတယ်။
"ရပါတယ်မေမေရဲ့ ငယ်လေးတစ်ယောက်ပိုလာလို့လဲမီးအတွက်အပန်းမကြီးပါဘူး အဓိက ကသူချောချောချူချူ အထက်တန်းအောင်သွားဖို့ပါပဲ"
"အင်းပါ ..မီးမီး အဆင်ပြေရင်ပီးတာပါပဲ.......သူများညီအမတွေဆို တည့်တဲ့အချိန်က ခပ်ရှားရှားပါဟယ် တကတည်း ဒီနှစ်ယောက်ကျမှ မခွဲနိုင်မခွာရက်တွေ ဖြစ်လို့" မေမေက ပွစိပွစိထပ်လုပ်တော့ သွင်မနေနိုင်ပဲထပ်ပြောမိပြန်တယ်
"သွင်တို့က ညိီအမအရင်းမှမဟုပ်တာ မေမေ
မမကိုပိုပီးဂရုစိုက်ရမယ်လေ မဟုပ်ရင် မမက အားငယ်နေမာပေါ့"  ညီအမအရင်းမဟုပ်ဘူးဆိုတာကို သွင်ဖိဖိလေးပြောမိတော့ မေမေက မျက်နာပျက်သွားကာ ....
"အဲ့လိုစကားမျိုးနောက်မကြားရစေနဲ့ မီးငယ် သမီးတို့နှစ်ယောက်လုံး မေမေ့ နို့စို့ပီးကြီးလာကြတာချည်းပဲ"
သွင် မမနဲ့ ညီအမ အရင်းမဖြစ်ချင်ပါ။ မေမေက ညီအမအရင်းလိုသတ်မှတ်ထားတာမျိုးကိုလဲမလိုချင်
သွင်က မမကို သွင့်အပိုင်ဖြစ်စေချင်တာ.....
"ဒါမဲ့ သွေးမနှောဘူးလေ မေမေ"
သွင်နဲ့မေမေ အချေအတင် ဖြစ်မာကိုမလိုလားတဲ့မမကပဲ သွင်တို့နှစ်ယောက်စကား၀ိုင်းထဲ၀င်လာကာ
"ငယ်ငယ်  မမနဲ့လိုက်မာဆို အ၀တ်တွေသွားထည့်တော့လေ"ဟုပြောလာလေသည်။
သွင်လဲ ဟုတ် တလုံးပဲပြောကာ အပေါ်ထပ်သို့တက်လာခဲ့လိုက်တော့တယ်။
သွင် တက်သွားတော့မှမေမေက
"မီးမီး ငယ်လေးပြောတာတွေကို စိတ်ထဲမထားနဲ့နော်  အဲ့ကောင်မလေးကအာ့လိုပဲ ပါးစပ်ထဲရှိတာကောက်ပြောတာ"မေမေက သမီးရင်းမဟုပ်ဆိုတဲ့အပေါ်မာ ၀င့်၀ါ ၀မ်းနဲသွားမာကို စိုးရိမ်နေတာလေ။
"မီး....စိတ်ထဲမထားပါဘူးမေမေ။...ငယ်လေးကို အ၀တ်သွားကူထည့်ပေးလိုက်အုံးမယ်နော်"
"အင်း...မီးမီး မေမေလဲမီးဖိုချောင်ခန၀င်လိုက်အုံးမယ်"ဟုဆိုကာ မေမေထွက်သွားမှ ၀င့်၀ါလဲ အပေါ်ထပ်သို့တက်လာခဲ့လိုက်တယ်...
ငယ်လေးအခန်းကိုဖွင့်ကြည့်တော့ သူ့ကိုမတွေ့  ကိုယ့်အခန်းထဲမာများလားလို့ တံခါးဖွင့်ကြည့်တော့ ကိုယ်တော်ချောက ၀င့်၀ါကုတင်မာ ကွေးလို့တက်အိပ်နေလေရဲ့။ ၀င့်၀ါလဲအသာပြုံးကာ ငယ်ငယ် အ၀တ်တွေ မထည့်တော့ဘူးလား ဟု မေးတော့မှ ဆတ်ကနဲထထိုင်ပီး သူ့အခန်းထဲသို့ထပြန်သွားလေတယ်။
သွင် မမအခန်းထဲမှထွက်လာကာ ကိုယ့်အခန်းထဲရောက်တော့ အ၀တ်တွေကို လုံးထွေးပီးဒီတိုင်းထည့့်ထားလိုက်တော့တယ်။ မေမေ့ကိုစိတ်ကောက်လာတာ မမ များလာချော့ပီးအ၀တ်ကူထည့့်ပေးမလားလို့မျှော်ပေမဲ့ ဒေါ်၀င့်၀ါဖြူကတော့ပေါ်ကိုမလာတော့ပါ။
   တဖက်တွင်လဲ၀င့်၀ါတယောက် ငယ်လေးက သူ့အားစကားတခွန်းမှမပြောပဲထွက်သွားတော့ ငါ့များစိတ်ဆိုးနေတာလား ငါလဲဘာမှမလုပ်ရပဲဟု တွေးကာ အ၀တ်တွေကိုခေါက်သိမ်းနေလေရဲ့။
...................
ညအိပ်ချိန်ရောက်တော့လဲ ၀င့်၀ါမာ တလူးလူးတလိမ့်လိမ့်နဲ့အိပ်မပျော်ပြန်ဘူး ဟိုခလေးကထမင်းလဲဟုပ်တိပတ်တိမစား ပဲအိမ်ပေါ်ပြန်တက်သွားတော့ မနေနိုင်တဲ့သူ့မာသာ အိပ်မရဖြစ်နေရတယ်။ မနေနိုင်တဲ့အဆုံး အိပ်ယာမှအသာလေးထကာ မျက်နှာချင်းဆိုင်အခန်းတံခါးနားကပ်ကာ အသာလေးတွန်းဖွင့်ကြည့်တော့ တခါးကပွင့်သွားလေသည်။ ၀င့်၀ါအသာလေးပြုံးမိသွားတယ် ။ ၀င့်၀ါ ညဖက်တွေ အိမ်မက်ဆိုးမက်ပီးပြန်နိုးလာရင် တယောက်တည်းထပ်မအိပ်ရဲတော့။ အဲ့ချိန်တွေဆို ငယ်လေးအခန်းထဲ၀င်ပီးသူ့ဘေးမာသွားအိပ်ရတာချည်း။ ငယ်လေးကလဲ ၀င့်၀ါအကြောင်းသိတော့ ညဖက်အိပ်ရင် တခါမှ အတွင်းကဂျက်ချပီးမအိပ်။ ခုလဲ တံခါးကိုအသာလေးတွန်းဖွင့်ပီး၀င်လာတော့ အမတော်က အိပ်နေပီ ။ ၀င့်၀ါ အ၀တ်ထည့်တဲ့အိတ်ကိုကြည့်မိတော့မျက်လုံးပြူးသွားရတယ်။ တခုမှကိုမခေါက်ပဲဒီတိုင်းထည့်ထားတာပဲ။ အ၀တ်တွေကို အားလုံးပြန်ထုပ်ကာ တစ်ထည်ချင်း သပ်သပ်ရပ်ပြန်ခေါက်ပီးထည့်နေတုန်း ခါးကိုလာဖက်တဲ့လက်တစ်စုံကြောင့် လန့်သွားကာ ထရပ်မိမလိုဖြစ်သွားတော့
"လန့်သွားတာလား သွင် ပါ"ဟုပြောကာ ၀င့်၀ါကိုယ်လုံးလေးကို အနောက်မှ သိမ်းကျုံးပီးဖက်ထားလေသည်။
"မမ  ကအ၀တ်တွေကူမထည့်ပေးတော့ဘူးထင်နေတာ"သွင်ဆက်ပြောလာတော့ ၀င့်၀ါနောက်လှည့်မလို့ လုပ်တာ အလှည့်မခံတဲ့အပြင် ပိုတိုးလို့သာဖက်လာလေတယ်။သွင့်ရဲ့ အသက်ရှုသံနွေးနွေးက ၀င့်၀ါလည်ပင်းသားလေးနဲ့ နားစွယ်နားလေးမာ ။ ၀င့်၀ါရဲ့အသံရှုသံကလဲမူမမှန်ချင်တော့ပါ ။ ငါအတင်းဖက်ခံရလို့ အသက်ရှုကျပ်တာနေမာပါလေဆိုပီး
"ငယ်လေး မမကို လွတ်အုံး အသက်ရှူလို့မရတော့ဘူး"ဟုပြောခါမှ အသာလေးလွတ်ကာ ၀င့်၀ါကို သူ့ဖက်သို့လှည့်စေလိုက်တယ် ။
"မမ မာဒီညမလေးတယောက်ပဲရှိတာ မမ မလုပ်ပေးရင်ဘသူလုပ်ပေးမာလဲ ပစ်မထားရက်ပါဘူးနော်"၀င့်၀ါပြုံးပီးဆိုတော့
"မမ သွင့်ကို တကယ်ပဲညမလေးလို သဘောထားတာလား" သွင်က မမကို သဘောကျ ကြောင်းကို အခွင့်သာရင်သာသလို ပြောမလို့အစပြုတာက်ို မမက ဘလိုတလွဲကောက်သွားတယ်မသိ။
" ငယ်လေး မမတို့က ည်ီအမ အရင်းမဟုပ်ပေမဲ့ မမက မင်းကို ဘယ်တော့မှခွဲသွားမာမဟုပ်ဘူးနော် ငယ်လေးက အမြဲတမ်း မမညမလေးပဲ" မမဆီမှစကားကိုကြားရတော့ သွင် သက်ပြင်းမောချမိတယ်    ဘယ်တော့မှ မမက သွင့်အချစ်တွေကို မြင်နိုင်မာလဲ။မမကို ပိုင်ဆိုင်ရဖို့က ဒီတသက်က် ဖြစ်ရောဖြစ်နိုင်ပါ့အုံးမလား။ အို ဘာပဲဖြစ်ဖြစ်လေ သွင် ကတော့ မမကို မရရအောင်ကြိုးစားသွားမာ။
   ညနေတုန်းက ထမင်းသေချာမစားသွားတာကိုသတိရပ်ီး ၀င့်၀ါ သွင့်ပါးလေးကို အုပ်ကိုင်လိုက်ကာ.....
" ထမင်းလဲကောင်းကောင်းမစားခဲ့ဘူး ဗိုက်မဆာဘူးလား မမခေါက်ဆွဲပြုတ်ကျွေးရမလားဟင်"
သွင်ပြုံးလိုက်ကာ "တကယ် ဗိုက်မဆာလို့မစားခဲ့တာပါ မမရယ် ...ခေါက်ဆွဲပြုတ်ကျွေးမဲ့အစား မမ ဒီမာအိပ်သွားပါလား   ..သရဲကားကြည့်ထားလို့တယောက်က်တည်းမအိပ်ရဲ့လို့ နော်..."မမ မငြင်းနိုင်အောင်တခါတည်း ပြောထားရတယ် အရွယ်ရောက်လာပီးနောက်ပိုင်း မမ က သူ့ဆို တအားရှောင်လာတယ်။
"အင်းပါ...ဒါဆိုလဲ မမဒါလေးတော့ပီးအောင်ခေါက်ထည့်လိုက်အုံးမယ် ငယ်လေး အရင် အိပ်နှင့်"  သွင်လဲ ကုတင်ဆီသို့ပြန်လာကာ မမခေါက်တာကိုပဲ ငေးကြည့်နေလိုက်တော့တယ် ။ ခနနေတော့ မမက ကုတင်ဆီသို့ရောက်လာကာ
"ငယ်လေး ခေါင်းအုံးက တလုံးတည်းမလား မမဟာကို သွားယူလိုက်အုံးမယ် "ဆိုကာလှည့်ထွက်မလို့ လုပ်တော့ သွင်အမြန်ပဲ မမလက်ကိုဖမ်းဆွဲလိုက်ကာ အိပ်ယာပေါ်ကိုဆွဲလဲချလိုက်တော့ မမကိုယ်လုံးလေးက ပြိုခနဲသူ့ရင်ခွင်ထဲကို၀င်လာတယ်။
"မမ မသွားနဲ့တော့ ဒီတိုင်းအိပ်လဲရတာကို ငယ်တယောက်တည်း မနေရဲဘူးလို့" မျက်နှာလေးကို ညှိုးပီးပြောမိတော့ မမက တကယ်ထင်သွားတာ
"ဒီတိုင်းတညလုံး အိပ်ရင် ငယ်လေးလက်နာလိမ့်မယ်"
"မနာပါဘူး  မဟုပ်ရင်လဲ ငယ် ကိုယ့်လက်ကိုယ် ခေါင်းခုပီးအိပ်နေကြ ..ရာသီဥတုကလဲအေးတယ်လေ ဒီလိုဆို ပိုနွေးတယ်မလား " မမခေါင်းကို သူ့လက်ပေါ်သို့တင်ကာ မမတစ်ကိုယ်လုံးကို ရင်ခွင်ထဲသို့ထည်ပီးအိပ်လေတယ်။ မမက တကယ့်ကို သေးသေးသွယ်သွယ်လေးရယ် ခုလဲ သွင့်ရင်ခွင်ထဲမာ မြှုပ်လို့ ။ခနနေတော့ မမက အသက်ရှုသံဖြေးဖြေးလေးနဲ့အိပ်ပျော်သွားလေသည်။ သူ့မာသာရင်တွေခုန်ပီးအိပ်မရဖြစ်ကာ ကျန်ရစ်လေရဲ့။ အိပ်ပျော်နေတဲ့ မမပါးလေးကိုအသာနမ်းကာသွင်လဲ အိပ်ပျော်အောင်ကြိုးစားရတော့တယ်။.
..............................................
🥀hanako🥀

My stepsister is my girlfriend(Completed)Where stories live. Discover now