Season(2) အပိုင်း (၅)

756 81 13
                                    

S2 အပိုင်း၅

တစ်ခါတစ်ရံမှာ မမျှော်လင့်ထားတဲ့အရာတွေက ရုတ်တရက်ရောက်လာခဲ့ရင် ဘယ်လိုတုန့်ပြန်မှုတွေလုပ်သင့်လဲ သူတစ်ခါမှမစဉ်းစားခဲ့မိဘူး။ Elevator ထဲကမီးပြန်လင်းလာတဲ့အခါ ဟန်ဘင်းက ကြမ်းပြင်မှာထိုင်ရပ်ဖြစ်နေပြီး ဟာအိုက ဟန်ဘင်းခြေထောက်နှစ်ချောင်းကြားမှာဒူးထောက်ရက်နေရာယူမိသား။ဟာအိုရဲ့လက်တွေက ဟန်ဘင်းမျက်နှာကိုကိုင်ထားပြီး ဟန်ဘင်းကတော့ ဟာအိုရင်ဘက်ကအင်္ကျီကိုဆုတ်ကိုင်ထားရက်သား။

ဟန်ဘင်းရဲ့ Necktieနဲ့ခါးပတ်က ကြမ်းပြင်ပေါ်ရောက်နေပြီး ဟန်ဘင်းရဲ့အင်္ကျီကြယ်သီးတွေက ရင်ခေါင်းနားထိပြုတ်ရက်သားအ​ခြေအနေ။အသက်ရှုသံပြင်းပြင်းတွေနဲ့ အတူစိုစွတ်နေတဲ့နှုတ်ခမ်းတွေနဲ့ဟန်ဘင်းကသူ့ကိုစိုက်ကြည့်နေရာက....

"ဘာလို့ရပ်လိုက်တာလဲ...ကျန်းဟာအို''

သူ ရုတ်တရက်မို့ဘယ်လိုတုန့်ပြန်ရမှန်းမသိသေးခင် elevatorတံခါးကပွင့်သွားလေတော့တယ်...

"CEO.. .အဆင်ပြေရဲ့လား''

ဟန်ဘင်း secretaryလေးက စိုးရိမ်တကြီးနဲ့elevatorတံခါးပွင့်ပွင့်ချင်းမေးလိုက်တော့သူရောဟန်ဘင်းရော လှည့်ကြည့်မိလိုက်တယ်။ဟန်ဘင်း secretaryလေးအပြင် ကုမ္ပဏီက လုံခြုံရေး ၂ယောက်ရော elevatorတံခါးရှေ့မှာသူတို့နှစ်ယောက်ကိုကြည့်ပြီး ကြက်သေသေကုန်ကြလေတယ်...

'ကျန်းဟာအိုအဲ့ဒီမှာလဲသေလိုက်တော့...'

သူ့ကိုယ်သူစိတ်ထဲမှာကျိန်ဆဲလိုက်ရင်း သူ့ရင်ဘက်ကအင်္ကျီကိုဆွဲထားတဲ့ဟန်ဘင်းလက်ကိုဆဲွဲဖြုတ်ကာ အိတ်ကိုကောက်ယူပြီး elevatorထဲကမြန်မြန်ထွက်ပြေးလိုက်တော့တယ်။သူသေးသေးလေးဖြစ်ပြီးသာပျောက်သွားလိုက်ချင်ပါတော့တယ်။ဘာလို့သူဟန်ဘင်းကိုနမ်းလိုက်မိတာပါလိမ့်။

အဲ့ဒါအပြင် သူတို့ဒီလိုအ​ခြေအနေကြီးကို တွေ့သွားတဲ့သူတွေကသူတို့ကိုဘယ်လိုထင်ကြမလဲ။အဲ့ဒါအပြင်ဟန်ဘင်းကရောသူ့ကိုဘယ်လိုထင်သွားပြီလဲ။ သူရှက်ရှက်နဲ့ ပြေးနေတာခြေဦးတည့်ရာ။နောက်ကနေသူ့လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်တော့မှသူရပ်တန့်ပြီးလှည့်ကြည့်လိုက်မိတယ်...

Unchangeable Love (Season 2)Where stories live. Discover now