အပိုင်း 24

550 37 16
                                    

အပိုင်း 24

မန္တလေးဆေးကျောင်းရဲ့ အချောဆုံးလို့သတ်မှတ်ထားကြသော ရွှေအိမ်စည်အား အများကဝိုင်းလို့ငေးနေကြသည်။ဆာရီအနီရောင်ကိုဝတ်ထားပြီး ဆံပင်ကိုဖားလျားချထားသောရွှေအိမ်စည်က လှရက်လွန်းသည်။
ရွှေအိမ်စည်ရဲ့အလှက ပပဝတီတောင်ရှုံးရလောက်တဲ့အထိလှရက်သည်ဟုလူအများကပြောစမှတ်ပြုကြသည်။ သူ့အလှအောက်မှာကြွေဆင်းကြသောဆရာဝန်လေးတွေဒုနဲ့ဒေးပင်။

သို့​သော် ထိုအထဲတွင်ကောင်းမွန်မြတ်မပါ။

"အိမ်စည် လူတွေငေးကြည့်နေကြပြီမြင်လား"

"ကောင်းမွန်ရယ်.....နင်ကဘာဖြစ်နေတာလဲ...လာပါ ငါနင့်ကိုအရေးကြီးပြောစရာရှိတယ် မြန်မြန်လာ"

.
.
.

"ကောင်းမွန် ငါ နင့်အဖေကိုတိုက်သွားတဲ့သူတွေကိုသိရပြီ"

"ဟင် ဘယ်သူတွေလဲ ငါ့ကိုပြောဦး "

"နန်းသဇင်မြင့်ရဲ့အမေနဲ့ သူ့ဆိုင်က
မော်ဒယ်......မောင်းတဲ့သူကတော့မော်ဒယ်ကမောင်းတာ...ဒါပေမယ့်ဘေးမှာ အန်တီရောပါတယ်"

ကောင်းမွန် ခေါင်း ပူထူသွားသည်။သူ သူ့ရဲ့အဖေကိုတိုက်သွားသောတရားခံကိုသိချင်တာမှန်သော်လည်း အခုအဖြေကြီးကိုသူလက်မခံချင်။သူမလိုချင်။

"အိမ်စည် နင်သေရောသေချာရဲ့လား"

"ကောင်းမွန် ငါ့အကိုစုံထောက်သေချာစုံစမ်းထားတာ...ဒါပေမယ့်နင့်ကိုပြောပြီးမှလုပ်စရာရှိတာလုပ်မယ်လို့ငါအကို့ကိုပြောထားတာ"

ကောင်းမွန် ချက်ချင်းပဲဆုံးဖြတ်ချက်ချလိုက်သည်။

"အိမ်စည် ဒီကိစ္စကိုဘယ်သူ့မှမပြောပါနဲ့....သူငယ်ချင်းသံယောဇဥ်ကိုထောက်ပြီး နင်ငါ့ကိုကူညီရမယ်...ငါတရားမစွဲတော့ဘူး သူတို့ကို...ဒီတိုင်းပဲထားလိုက်ပါတော့"

အိမ်စည် သူ့ရှေ့ကကောင်းမွန်ကို ကြည့်ပြီးအားမလိုအားမရဖြစ်မိသည်။အရင်ကအဖေဖြစ်သူကိုတိုက်သွားသောတရားခံကိုသိရင်ခွင့်မလွှတ်ဘူးဆိုသူကအခုကြ အရာအားလုံးကိုခွင့်လွှတ်ပေးလိုက်သည်ကိုအိမ်စည်မယုံနိုင်။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now