အမည် - အမွေခံအပြစ်သား (paragon of sin)
မူရင်းစာရေးဆရာ - KevinAscending
ဘာသာပြန် - NTRL (ရိုးရာ)နိဒါန်း...
ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။
ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ်ကာ လိုက်နာသူများမှာမူ ကောင်းကင်၏ ကောင်းချီးပေးခြင်းကို ခံကြရသည်။
ကျင့်ကြံခြင်း လောက ခက်ခဲလွန်း လှသည်မှာ မပြောင်းလဲသော စည်းမျဉ်း တစ်ခုပင် ဖြစ်သည်။ သို့သော်လည်း ကောင်းကင် တာအို၏ ပွေ့ပိုက်ခြင်းခံရသော အချို့မှာမူ အရာအားလုံးကို ကျော်လွန်ကာ အမြင့်ဆုံးသို့ တက်လှမ်းသွားကြသည်။ ထိုအရာက အဘယ်ကြောင့် ဖြစ်ရသနည်း။
ကိုယ်ကျင့်တရားနှင့် တရားမျှတမှုဆိုသည်က အဘယ်နည်း။ မကောင်းမှု နှင့် အကျင့်ပျက်မှုဟူသည်က အဘယ်နည်း။မည်သူက ထိုအရာကို ဆုံးဖြတ်သနည်း။
ထို့ကြောင့်ပင် အပြစ်သား မိစ္ဆာတို့သည် ကောင်းကင် တာအိုကို ဆန့်ကျင်ကာ ကိုယ်ပိုင် ကံကြမ္မာများကို ဖန်တီးရသည်။
ဤအရာကား ကောင်းချီး ပေးခံရသူ အဖြစ်မှ အပြစ်သားအဖြစ် ပြောင်းလဲသွားခဲ့သည့် ကျင်ကြံသူ တစ်ယောက်၏ ခရီးလမ်းပင် ဖြစ်သည်။သူသည် အပြစ်သားတို့၏ အကြီးကျယ်ဆုံးသော အရှင် ဖြစ်လာခဲ့ လေသည်။
.......
ဒါလေးက အမွေခံအပြစ်သား ရဲ့ Fb page ပုံစံလေးပါ။
ဒါလေးကတော့ သူ့ team ပေါ့။အဲ့ကနေ ဘာသာပြန်သူက သီးသန့်ခွဲပြီးတင်လို့ရတယ်ဆိုတဲ့ ခွင့်ပြုချက်နဲ့ အမွေခံအပြစ်သားလေးကို page တစ်ခုအနေနဲ့ သီးသန့်ထောင်ခွင့်ပြုထားတယ်ပေါ့နော်။အဲ့တော့ ဒီစာစဥ်လေးကိုလည်း translation team ရဲ့လက်ရာတွေထဲက တစ်ခုလို့ပြောလို့ရတယ်။
ခွင့်ပြုချက်ရထားပြီးပါပြီရှင့်။
Page မှာ၀ယ်ဖတ်လို့ရသလို wowတို့ ဝန်ဇင်းတို့မှာလည်း ဝယ်လို့ရပါတယ်ရှင့်။
Page ကနေ ခွင့်ပြုချက်ရပြီးသားပါရှင့်။
နောက်လမှ စတင်မှာပါ။အရင် intro လေးဝင်ထားတာ😁😁😁ဒီစာစဉ်ကို အဇူး မပိုင်ပါဘူး။ဒီစာစဉ်ကိုပိုင်တာက အမွေခံအပြစ်သား page နှင့် ဘာသာပြန်အဖွဲ့ဖြစ်တဲ့ Nail Entertainment & Translation MM ( နေသူရိန်လင်း ) တို့အပိုင်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Adventureအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...