နောက်နေ့ရောက်သော် ညိုတို့သူငယ်ချင်းတစ်စုစကား
စမြည်ပြောကြရင်း ဟိုတစ်နေ့ကကျောင်းသူသစ်နဲ့ဖြစ်တဲ့ကိစ္စကိုမေးလာတယ်။
ရတီ:မကြီး ဟိုနေ့ကဘာလို့ ဟိုတစ်ယောက်နဲ့အကြည့်ချင်းဆုံနေတာလဲ။ပြောပါဦး။
လင်းလက်:ဟုတ်တယ် ငါလည်းမေးချင်နေတာ။ပြောပါဦးညို:ဘာကိုပြောရမှာလဲ။ငါက သူလဲလို့ထူပေးနေတာလေ။
ဘာကိစ္စရှိရမှာလဲ။လရောင်:မဟုတ်ဘူးလေ။မကြီးတို့နှစ်ယောက်ကအကြည့်ချင်းဆုံပြီးအကြာကြီးစိုက်ကြည့်နေကြတာလေ။ပြီးတော့
ဆရာမတောင် ချောင်းဟန့်ပြမှ သတိကပ်ကြပြီး။သမီးတို့ကိုတောင်မေ့နေတာလေ။နှစ်ယောက်သားလက်ကိုင်ပြီးတော့ ။ညို:မဟုတ်တာ ကလေးမတို့ရယ် ။ငါကဘာကိုအကြည်စိုက်ရမှာလဲ။သူကကြည့်နေတော့ငါလည်းပြန်ကြည့်တာပါ။
ငါ့အကြောင်းနင်တို့လည်းသိတာပဲ။သူများကိုယ့်ကိုလာကြည့်ရင် ပိုကြည့်တက်ပြီး အကြည့်မလွှဲဘူးဆိုတာ။အဲ့
ဒါကြောင့်ပါ။လင်းလက်:မသိပါဘူး။အချစ်တော်များလိုချင်နေတာလား
လို့ပါ။နည်းနည်းမရိုးသားတဲ့အကြည့်တွေမို့လို့လေ။ညို:အချစ်တော်ကဘာလည်းကွယ် ရှင်းပြစမ်းပါဦး။
ရတီ:အော် အစ်မရယ် သူကဒီခေတ်မှာမသုံးတော့တာကိုသုံးနေတာ။ဟိုခေတ်ကအသုံးအနှုန်းတွေပါ။သူလည်း
အချစ်တော်လိုချင်နေတာပဲလေ။လင်းလက်:မဟုတ်တာ။နင်နော် လျှောက်ပြောမနေနဲ့။
ရတီ :ငါလျှောက်ပြောလား မပြောဘူးလား နင်ကိုယ်တိုင်ပဲ
သိမှာပေါ့။ညို:ကဲကဲ ဒီလိုနဲ့ရန်ဖြစ်တေ့မယ်။ငါ့ကို ရှင်းပြပါဦး။
ရတီ:ဒီလို အစ်မရယ် ဒါနဲ့နေပါဦး မီမီခိုင်အသံတောင်မထွက်ပါလား။ဘာဖြစ်နေတာလဲ။
လရောင်:အေး နင်ပြောမှသတိရတယ် ဘာဖြစ်နေတာလည်း။
ခိုင်:ဘာမှမဖြစ်ပါဘူး။ဒီလိုပါပဲ။
ညို:ဘာဒီလို
တောင် တောင် တောင်
ထိုအချိန်တွင် ကျောင်းခေါင်းလောင်းထိုးသွားသဖြစ်ပြောလက်စစကားကိုလက်စသတ်ပြီး အခန်းထဲဝင်လာကြတယ်။ခိုင်ရဲ့မျက်နှာမှာမကောင်းဘူးဖြစ်နေခဲ့တယ်။လင်းလက်နဲ့ရတီကတော့ သတ်လာကြတယ်။စကားနိုင်ထိုးနေကြတယ်။ထိုအချိန် ညိုသူမကိုမြင်လိုက်ရချိန်တွင် အရာအားလုံးရပ်တန့်နေသလိုခံစားလိုက်ရတယ်။သူမကိုပဲမြင်နေမိတယ်။