ဒီလိုနဲ့ရက်တွေကြာလာတော့ စိုးနဲ့ညိုဟာ သာမန်ထက်ပိုရင်းနှီးလာခဲ့တယ်။သူငယ်ချင်းနဲ့မတူအောင်ပိုရင်းနှီးလာခဲ့တယ်။သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ပေးကြတယ်။ညိုကစိုးကိုပိုဂရုစိုက်ပေးတာပေါ့။
စိုးကလည်း ညိုလုပ်ပေးသမျှအရာအားလုံးကို သဘောကျနှစ်သက်မိတယ်။ခိုင်:မကြီး ဘာလို့ဒီရက်ပိုင်း မီတို့နဲ့သိပ်မရောတော့တာလည်းဟင်။ဘာဖြစ်လို့လဲ။
ရတီ:အစ်မက သူပျော်ရာလုပ်နေတာနေမှာပေါ့။ငါတို့ကိုလည်းစကားသိပ်မပြောဘူး။
လင်းလက်:သိပ်မပြောကြပါနဲ့ဟာ။သူပျော်ရာလုပ်ခွင့်ရှိတာပဲလေ။ငါတို့နဲ့မှမဆိုင်ဘဲ။
ခိုင်:ဒါပေမယ့် ငါတို့ကသူငယ်ချင်းတွေလေ။သူပဲပြောခဲ့
တာလေ။လရောင်:ငါလေ ရုတ်တရက်ကြီးသစ္စာဖောက်တွေနဲ့အတူတူနေနေရသလိုခံစားရတယ်။အစ်မညိုကို မကောင်းပြောနေတာ မကောင်းဘူးထင်တယ်။သိလား။ငါတော့ပြောမှာမဟုတ်ဘူး။ငါက သူငယ်ချင်းကောင်းလေ။
ရတီ:ဘာလဲ နင်ကဘာလို့ဒီလိုပြောရတာလဲ။နင်ကဘာမို့လို့လဲ။ဟမ်။
သူတို့ပြောသမျှကိုညိုကနောက်မှာပုန်းပြီးနားထောင်နေခဲ့တယ်။ညိုဟာ ရင်ထဲမှာတဆစ်ဆစ်နာကျင်သွားရတယ်။
သူကြောင့် သူငယ်ချင်းတွေ စိတ်ဝမ်းကွဲရတယ်။ပိုဆိုးတာ
က ငါကြောင့်ဆိုတဲ့စိတ်ပဲ။ညိုကွယ်ရာကထွက်လာခဲ့တယ်။ညို:တော်ပါတော့လား။
တည်ငြိမ်သောအသံဖြင့်မေးလိုက်တယ်။အေးအေးစက်စက်အကြည့်နဲ့ နာကြည်းစွာကြည့်လိုက်တယ်။၇တန်းအရွယ် ၁၄ ၁၅နှစ်မိန်းကလေးဆိုပေမယ့် အရွယ်ရောက်ပြီးသူတစ်ယောက်လိုဖြစ်နေတဲ့ ညိုရဲ့အကြည့်တွေကလေးနက်
နေတယ်။ညိုအကြည့်ကိုလေးယောက်လုံးရင်မဆိုင်နိုင်ကြဘူး။ခိုင်:မကြီး မီတို့တောင်းပန်ပါတယ်။အစ်မကိုမခင်လို့ မဟုတ်ပါဘူး။သိလား။
လင်းလက်:ဟုတ်တယ် အစ်မရဲ့။ချိုတို့တောင်းပန်တယ်
နော်။ဟင်။ညို:အင်း ရပါတယ်။
ညို အင်းသာပြောနိုင်ခဲ့တယ်။ဘာမှမဖြစ်သလိုနေခဲ့ပေမယ့်။စိတ်တွင်း စနိုးစနောင့်ဖြစ်ခဲ့ရတယ်။