၁၅နှစ်ခန့်ကြာသော်
(ခုနှစ်လေး၃နှစ်လောက်ကျော်ထားပါတယ်)~~~~
"ဝတ်မှုံ မိုးပန်းကိုတွေ့ချင်တယ်။မိုးပန်းနဲ့ပတ်သတ်ပြီးမိုးပန်းသူငယ်ချင်းတွေကိုမေးပါသေးတယ်။မိုးပန်းကိုအဲ့နေ့ကတည်းကမတွေ့တော့တာတဲ့။ဘယ်ရောက်နေတာလဲ မိုးပန်းရယ်။ဒီနှစ်ဆိုရင် ဝတ်မှုံတောင်အသက်၃ဝပြည့်နေပြီ။
မိုးပန်းကတော့၂၉ပေါ့။မိုးပန်းသိလားဟင်။မိုးပန်းကိုစမြင်တဲ့နေ့ကတည်းကဝတ်မှုံသဘောကျခဲ့တာပါ။မိုးပန်းကျေင်းထွက်သွားကတည်းက မိုးပန်းတို့အဖွဲ့မှာ မိုးပန်းအစားဝတ်မှုံနေရာယူလိုက်တယ်။အရင်ကတော့မိုးပန်းကတော့အတန်းခေါင်းဆောင်ပေါ့ ။မိုးပန်းထွက်သွားတော့ ထက်အောင်ဆိုတဲ့တစ်ယောက်က အတန်းခေါင်းဆောင်ဖြစ်လာခဲ့တယ်။လွမ်းတယ်မိုးပန်းရယ်။အချိန်တွေကြာခဲ့ပေမယ့် ဝတ်မှုံရင်ထဲက မိုးပန်းကတော့မသေးဆုံးသေးပါဘူး။လွမ်းလိုက်တာ မိုးပန်းရယ်။"စာရေးစားပွဲပေါ်မှာမီးလေးထွန်းပြီးဒိုင်ယာရီရေးနေရာမှစီးဆင်းလာသောမျက်ရည်တွေကို ဝတ်မှုံမတားဆီးနိုင်ခဲ့ပါ။
သုတ်လည်းမသုတ်ရက်ပါ။မိုးပန်းကြောင့်ကျလာတဲ့မျက်
ရည်မို့တန်ဖိုးရှိတယ်ဆိုတဲ့အတွေးနဲ့ပါ။အိမ်ဟောင်းလေးမှာအရင်ချိန်တွေကိုလွမ်းဆွေးနေခဲ့တဲ့ကောင်မလေး။~~~~~~~~~~~
26.5.2026ဒေါက် ဒေါက်
သူဌေး:ဝင်ခဲ့။
အတွင်းရေးမှူး:ဆရာ ဒါအသစ်ရောက်လာတဲ့ရှေ့နေပါ။
သူဌေး:ဟုတ်လား။ထိုင်ပါ။မင်းသွားလို့ရပြီမောင်အေး။
သူဌေး:နာမည်တော့ကြားဖူးနေတာကြာပါပြီ။ဒီလောကမှာမင်းနာမည်မသိတဲ့လူကခပ်ရှားရှားလေ။မင်းလိုက်သမျှအမှုတိုင်းနိုင်တာတွေချည်းပဲလေ။မင်း ဦးတို့ကုမ္ပဏီကိုရောက်လာတာကောင်းတယ်။
ညို:ပြန်လည်နှုတ်ဆက်ပါမယ်။ရှေ့နေ မိုးပန်းညိုဖြစ်ပါတယ်။ရှေ့လျှောက် Do ဥပဒေရုံးမှာအလုပ်လုပ်မှာဖြစ်ပါတယ်။
သူဌေး:ဟုတ်ပြီ။တွေ့ရတာဝမ်းသာပါတယ်။
ညို:ကျွန်မလည်းထပ်တူပါပဲ။