စိုး:ဒီနေ့ဘာမှလည်းအဆင်မပြေပါလား။လျှောက်သမျှလည်း ပယ်ချခံရတယ်တဲ့။ခုနောက်ဆုံးနေရာကို သွားရတော့မယ်။Do ကုမ္ပဏီပဲ။ငါလာပြီ။စောင့်နေလိုက်။
~~~~~~~~
ညိုကတော့ မျက်လုံးစုံမှိတ်ထားရာမှ တံခါးခေါက်သံကြောင့် လန့်နိုးလာခဲ့တယ်။
ညို:ဘယ်သူလဲ။
ကြယ်:အမှုစစ်မိုးသောက်ကြယ်ပါ။ရှေ့နေကြီး။
ညို:အင်း ဝင်ခဲ့ပါ။
ဒေါက်(တံခါးဖွင့်သံ)
ညို:ထိုင်ပါ ဘာကိစ္စရှိလို့ပါလဲ။
ကြယ်:မိုးသောက်က အခုတစ်ခေါက် ရှေ့နေကြီးနဲ့အတူ
ပန်းခြံလူသတ်မှုမှာ အတူစုံစမ်းရမှာပါ။ညို:အော် ဟုတ်လား။တို့နာမည်က မိုးပန်းညိုပါ။မင်းနဲ့တော့ မိုးချင်းတူတယ်နော်။
ကြယ်:ဟုတ်။ ထူးဆန်းတယ်နော်။
ညို:နာမည်တူတာလောက်ကတော့ ထူးဆန်းတာမဟုတ်ပါဘူး။
ကြယ်:sorryပါ။မိုးသောက်ကဒီအတိုင်းပြောလိုက်တာပါ။
ညို:ရပါတယ်။ကိစ္စမရှိပါဘူး။မင်းထွက်သွားပေးလို့ရမလား။တို့ ရုံးချိန်းလေးသွားစရာရှိလို့ပါ။
ကြယ်:ဟုတ်ကဲ့ပါ။ရပါတယ်။သွားလိုက်ပါဦးမယ်။
ညို:ဟုတ်ကဲ့။သွားပါ။
~~~~~~~~~~
ကြယ်:ဘယ်လိုလူလဲမသိဘူး။အထက်စီးဆန်လိုက်တာ။
မောက်မာလိုက်တာများ တစ်လောကလုံးသူ့လုပ်စာထိုင်
စားနေရသလိုပဲ။မိုးသောက်ကြယ်ပြောပြီးတာနဲ့ကြယ်အနောက်မှ လက်တစ်စုံဟာ ကြယ်လက်ကိုဆွဲပြီး
ညို:မင်းပြောတာ တို့ကြားတယ်နော်။သိလား
ကြယ်:ရှင် တောင်းပန်ပါတယ်။
ညို:အလွယ်တကူ မတောင်းပန်ပါနဲ့။မင်းအမှားမှမဟုတ်
ဘဲ ဒီလိုပဲနေတတ်တဲ့ တို့ကပြောခံရတာမထူးဆန်းပါဘူး။ကြယ်:ဘယ်လိုပဲဖြစ်ဖြစ် မိုးသောက်တောင်းပန်ပါတယ်။
ဒါနဲ့လေ လက်လေးလွှတ်ပေးလို့ရမလား ဟင်။