Part 8

1 0 0
                                    

ညိုမြင်လိုက်ရဲ့မြင်ကွင်းကိုမယုံနိုင်အောင်ဖြစ်နေခဲ့တယ်။
နေလာတဲ့၁၅နှစ်အတွင်းမြင်ဖို့ခက် တွေ့ဖို့ခက်ခဲ့တဲ့ဒီမျက်နှာကို အခုလိုနီးနီလေးမြင်နေရတယ်။မယုံကြည်နိုင်
ဘူး။သူ့ကိုမေ့နေချိန်မှာဘာလို့ပြန်ပေါ်လာရတာလဲ။

~~~~~~~~~

ညို:ဟေ့ မင်းကဘယ်သူလဲ။ဒီအခန်းထဲဘာဝင်လုပ်နေတာ
လဲ။

ညိုရဲ့သူစိမ်းဆန်တဲ့အပြုအမူတွေကြောင့်စိုးစိတ်မကောင်းဖြစ်မိတယ်။

စိုး:ကျွန်မက ဒီနေ့ဒီမှာအလုပ်လုပ်ရမှာပါ။ရှင်ကသာဘယ်သူပါလဲ။

ညိုရင်ထဲ့အောင့်သွားတယ်။အရင်က မိုးပန်းလို့ခေါ်ခဲ့တဲ့
သူကခုတော့ရှင်တဲ့လား။

ညို:ဒါတို့အခန်း။မင်းကမောင်အေးခန့်လိုက်တယ်ဆိုတဲ့
တစ်ယောက်လား။

စိုး:ဟုတ်ပါတယ်။ကျွန်မကဝတ်မှုံစိုးပါ။

ညိုမျက်ရည်ပါဝဲချင်သွားတယ်။သူမြင်နေရတဲ့သူကဝတ်
မှုံစိုးဆိုတာသေချာနေလို့။

ညို:မင်းခနနေဦး။တို့ဖုန်းဆက်လိုက်ဦးမယ်။

စိုး:ဟုတ်ကဲ့။

ညို:ဟယ်လိုနွယ်လား။မောင်အေးရှိလား။

နွယ်:ကိုမောင်အေး ဆရာခိုင်းလို့အပြင်ထွက်သွားပါတယ်။

ညို:ဒါဆိုရင် နေ့ခင်းက အင်တာဗျူးတုန်းက မင်းဒီမှာရှိ
လား

နွယ်:ဟုတ်ရှိပါတယ်။

ညို:ဒါဆို လာခဲ့ဦး။အင်း အမြန်နော်။

ညိုရဲ့ပုံစံကအရမ်းတုန်လှုပ်နေတယ်။မတွေ့ချင်တဲ့လူကိုတွေ့လိုက်ရလို့ ဒေါသထွက်နေသလိုပဲ။

ဒေါက်ဒေါက်

နွယ်:နွယ်ပါ

ညို:ဝင်လာခဲ့။

ညိုရဲ့အသံကအထက်စီးဆန်နေတယ်။ဘာမှဂရုစိုက်ပုံမရဘူး။မာကျောတယ်။ပြတ်သားတယ်။

ညို:ဒီမိန်းကလေးက ခန့်လိုက်တဲ့ငါ့ရဲ့အတွင်းရေးမှူးလား။

နှယ်:ဟုတ်ပါတယ်။

ညို:သေချာလား။

နွယ်:ဟုတ် သေချာပါတယ်။

ညို:သူနဲ့စာချုပ် ချုပ်လိုက်ပီလား။

နွယ်:ဟုတ် ခုနကလေးတင်ချုပ်လိုက်တာပါ။

ညို:ဘယ်လောက်ချုပ်လိုက်လဲ။

နွယ်:၆ လပါ။

ညို:တောက်စ် မင်းတို့က တို့ပြန်လာတာတောင်မစောင့်ဘူး

နွယ်:တောင်းပန်ပါတယ်။ရှေ့နေကြီး။

ညိုဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး စိုးဒေါသထွက်လာတယ်။ဘာလို့ခါးခါးသီးသီးဖြစ်နေရတာလဲ။

စိုး:မိုးပန်းညို မင်းက တို့ကိုလက်မခံချင်ဘူးလား။

ညို:မင်းကရာရာစစငါ့နာမည်ကိုခေါ်ရဲတယ်ပေါ့။

စိုး:အဲ့ဒီတော့။ဘာတွေတုန်လှုပ်နေတာလဲတို့ကအခုမိုးပန်း
ရဲ့PAဖြစ်သွားပြီ။အိမ်ကိုလည်းဒီနေ့ချက်ချင်းပြောင်းလာခဲ့မယ်ရလား။

ညို:Okရတယ် ပြောင်းလာခဲ့။တို့ မင်းကိုကြိုဆိုနေမယ်။

ထို့သိုတစ်ယောက်နဲ့တစ်ယောက်မျက်စောင်းများထိုးကာ
စကားပြောနေတာကိုရပ်လိုက်ပြီး စိုးကထွက်သွားတယ်
စိုးအခန်းပေါက်ရောက်ခါနီးမှာ

ညို:ဟေ့ Mr.s PA။အပြင်က မိုးသောက်ကို အခန်းထဲဝင်လာလို့ပြောလိုက်။ကြားလား။

စိုး:ဟုတ်ကဲ့ရှေ့နေကြီး။

စိုးလည်းအခန်းထဲကထွက်လာပြီး နွယ်ကို

စိုး:ဟိုလေ မိုးသောက်ဆိုတာ ဘယ်သူလဲဟင်

နွယ်:ဟိုးနားက ခဲရောင်လက်ရှည်ဝတ်ထားတဲ့တစ်ယောက်
ပါ။

စိုး:ဟုတ်ကဲ့ ကျေးဇူးပါ

စိုးလည်းနွယ်လက်ညှိုးညွှန်ရာကလာခဲ့ပြီး မိုးသောက်ဆို့တဲ့မိန်းကလေးကို

စိုး:မိုးသောက်လားမသိဘူးရှင့်။

ကြယ်:ဟုတ်ပါတယ်။ကျွန်မမိုးသောက်ကြယ်ပါ။ဘာကိစ္စရှိလို့ပါလဲ။

စိုး:ရှေ့နေကြီး မိုးပန်းညိုကခေါ်ခိုင်းလိုက်လို့ပါ။

ကြယ်:အော် ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

စိုး:ရပါတယ်

ကြယ်:ဒါဆို သွားလိုက်ပါဦးမယ်။

စိုး:ဟုတ်ကဲ့။

စိုးလည်းဟုတ်လို့ပြောလိုက်ပေမယ့် စိတ်ထဲမှာတော့သူတို့
ဘာလုပ်နေတာလဲသိချင်နေမိတယ်။အာရုံစိုက်မိနေတယ်။
ထားပါဆိုပြီး ကိုယ့်စိတ်ကိုယ်အာရုံလွှဲလိုက်တယ်။အိမ်ပြန်
ပြီးအဝတ်အစားပြန်ထုတ်ဖို့ပြန်လိုက်တယ်။ပြန်တဲ့လမ်း
မှာ ပိုက်ဆံအိတ်ဖွင့်ပြီး ဖုန်းဆက်ဖို့ပြင်လိုက်တယ်။

1.11.2023

#Sol

ဂန္ဓဝင်ပန်းWhere stories live. Discover now