Chapter - 115

1.1K 141 7
                                    

Unicode

၁၁၅။ မီးသင်းသကြားပူတင်း

မင်္ဂလာပွဲအတွက်ပြင်ဆင်ရမှာအများစုကို မေမေရှန်က သူမဘာသာပြင်ဆင်ပေမယ့် သူတို့နှစ်ယောက် ကိုယ်တိုင်ပြင်ဆင်ရမယ့်ကိစ္စလေးတွေရှိနေသေးသည်။ ရှန်ဖူ ဘုရားကျောင်းကိုသွားနေတဲ့အချိန်မှာ လင်ရှုယီက ရှောင်ယွီနဲ့ထောင်ထောင့်ကိုခေါ်ကာ သူတို့ရဲ့ကလေးပွဲတက်ဝတ်စုံတွေသွားယူသည်။

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်မတွေ့ရသည်မှာ နှစ်ရက်သုံးရက်ခန့်ရှိပြီဖြစ်၏။

ဒီရက်အနည်းငယ်အတွင်းမှာ ရှန်ဖူ အလုပ်ရှုပ်နေရတဲ့ကိစ္စတွေအများကြီးရှိသည်။ များသောအားဖြင့် ရှန်ဖူပြန်ရောက်ချိန်မှာ လင်ရှုယီအိပ်ပျော်နေပြီဖြစ်ပြီး လင်ရှုယီနိုးလာချိန်မှာ သူ မရှိတော့ပေ။ ဒါက သူတို့တွေက တစ်မိုးအောက်တည်းမှာနေနေကြပေမယ့် အချင်းချင်းအကြိမ်တွေအများကြီးမတွေ့နိုင်အောင်ဖြစ်နေစေသည်။

ရှန်ဖူက ကားမောင်းတာကိုအာရုံစိုက်နေကာ လင်ရှုယီကတော့ သူ့ကို ခေါင်းစခြေဆုံးကြည့်ခြင်းမှာအာရုံစိုက်ထား၏။

သည်းမခံနိုင်တဲ့အဆုံးမှာတော့ ရှန်ဖူတစ်ယောက် လင်ရှုယီနား,နားကပ်ကာ တီးတိုးဆိုသည်။

"မင်း ကိုယ်ကိုကြည့်နေတာက မင်းကို စားချင်စိတ်ဖြစ်လာစေတယ်..."

လင်ရှုယီရဲ့နားရွက်တွေနီရဲသွားရကာ အနည်းငယ်မအီမသာဖြင့် သူ အကြည့်တို့ကိုလွှဲလိုက်၏။

အကျင့်ဖြစ်လာတာကြောင့်လားမသိပေမယ့် ခုတစ်လော သူ့အတွက် ရှန်ဖူနဲ့ခွဲနေဖို့ ပိုပိုပြီးခက်ခဲလာသလိုထင်ရသည်။ ရှန်ဖူ သူ့ဘေးမှာအချိန်အတော်ကြာအောင်ရှိမနေပါက တစ်ခုခုလစ်ဟာနေသလို သူခံစားလာရတတ်သည်။ ပစ္စည်းတချို့ကိုမြင်တိုင်း သူ ရှန်ဖူ့ကိုလွမ်းလာတတ်သည်၊ လွမ်းလွန်းလို့ သူ ရှန်ဖူ့ဘေးကို‌ချက်ချင်းရောက်သွားနိုင်ဖို့ဆုတောင်းမိသည်အထိပင်။

ဒီလိုဖြစ်တာက သိပ်မကောင်းဘူးလို့တွေးနေမိချိန်မှာ သူ အတော်လေးပျော်ရွှင်နေမိတာကိုလည်း လင်ရှုယီ မနေနိုင်စွာတွေးမိရပြန်သည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now