"အန်တီနဲ့ အစ်မကဒီမှာဘာရပ်လုပ်နေတာလဲ"
"မောင်"
မောင့်ကိုကြည့်ကာ ငိုတော့မယ့်ဆဲဆဲဖြစ်နေသည်မို့ မောင်အလျင်အမြန်ချော့လိုက်သည်။
"ဘာလို့လဲ အစ်မရဲ့ ဘာလို့ဝမ်းနည်းနေတာလဲ"
"အိမ်ထဲမှာတစ်ယောက်ယောက်တကယ်ရှိနေတယ် မောင်"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"အခန်းရှေ့ကပန်းအိုးက မကွဲပဲနဲ့ အောက်မှာချထားတယ် မောင်"
"ဒါက.."
"အောက်ထပ်ဆိုဖာပေါ်မှာ ရေတွေစိုနေတယ် ပြီးတော့ TV ပါ ပွင့်နေတယ် မောင်"
"မဖြစ်နိုင်တာ"
အောက်ထပ်သို့မေးငေါ့ပြစဉ် အောက်ထပ်လှေကားထစ်၌ ဖြတ်သွားသော အရိပ်တစ်ခုအား အစ်မတွေ့လိုက်ရသည်ထင်၏ အဘယ်ကြောင့်ဆိုသော် မောင်ပါတွေ့လိုက်ရခြင်းဖြစ်သည်။
"တို့ကြောက်တယ် မောင်"
မောင့်ဘက်လှည့်ကာ ပြောလာသည်မို့ လှေကားဘက်အား အစ်မကျောပေးပြီးသားဖြစ်သွားသည်။
"မကြောက်နဲ့နော် မောင်ရှိတယ် မောင်တစ်ယောက်လုံးရှိတယ်"
အစ်မကခေါင်းငြိမ့်ပြသည် မောင့်မျက်လုံးများအား မော့ကြည့်ရင်း ခေါင်းငြိမ့်ပြသည်။
အစ်မကအောက်ထပ်သို့ကျောပေးထားသည်မို့ မမြင်ရ သို့သော် မောင်မြင်နေရသည်က ထိုအရိပ်ကြီးသည် လှေကားပေါ်တက်လာနေသည်။ ထိုအရိပ်သည် အမျိုးသမီးတစ်ယောက်ဖြစ်ပုံရသည် သို့သော် အရိပ်ကြီးသည် နှစ်ခုဖြစ်နေသည်။ မောင်ပထမဆုံး စိတ်ပူမိသည်က အစ်မနှင့်အန်တီဖြစ်သည် ယုယလည်းထိုနည်းတူဖြစ်လိမ့်မည်။အစ်မနှင့် အန်တီကို မောင့်အနောက်သို့ဆွဲခေါ်ကာ ယုယကအခန်းတံခါးဖွင့်ကာ ဝင်ခိုင်းသည်။ဝင်သွားသည်နှင့် ယုယက အပြင်မှတံခါးကို လော့ချလိုက်လေသည်။
ထိုအချိန်တွင် အန်တီပြောဖူးသည့်စကားတစ်ခုအား အမှတ်မထင်သတိရလိုက်မိသည်။"ဘယ်ဧည့်သည်မဆို အိမ်ရှင်ကမကြည်ဖြူရင် နေခွင့်မရှိဘူး"ဆိုသော စကားအား သတိရမိသည်မို့ မောင်သောင်းကျန်းရတော့မည်ဖြစ်သည်။