"ကောင်းပြီ ဧည့်သည်ခန်းက ဒီမှာ။"စုကျင်းယန် အခန်းကို ညွှန်ပြလိုက်တယ် "မင်းဒီည ဒီမှာအိပ်သင့်တယ်။"
စကားပြောပြီးနောက် သူ့သမင်လို ကြည်လင်နေသော မျက်လုံးများက တဖျပ်ဖျပ်ခတ်သွားပြီး သူ့မျက်လုံးထောင့်က မျက်ရည်ခံမှဲ့က အပေါ်ကို တက်လာခဲ့သည်။
လုရီချန် သူ့နှုတ်ခမ်းတွေကို လျှက်လိုက်ပြီး ခြောက်သွေ့နေတယ်လို့ ခံစားရသည်။
စုကျင်းယန်က သူ့ထူးဆန်းမှု့တွေကို သတိမထားမိပဲ သူ့အခန်းကို ပြန်သွားခဲ့တယ်။
ထို့နောက် အိပ်ယာပေါ်မှာ သူ့မျက်နှာကို အောက်ကိုလဲလျောင်းလိုက်ပြီး ခြေလက်များကို ကြယ်ငါးသဏ္ဠာန် ဖြန့်ကားလိုက်သည်။
သူ့စိတ်ထဲကို ဘာပျော်ရွင်စရာတွေ ရောက်လာလဲမသိပေမယ့် ခြေအိတ်မပါတဲ့ ခြေထောက်နှစ်ချောင်းလေးက လေထဲကို ဆက်တိုက် ကန်နေပြီး သူ့ခေါင်းကို ခေါင်းဦးထဲတွင် နှစ်မြုပ်ထားကာ ခေါင်းဦးနှင့် သူ့မျက်နှာကို ဆက်ပွတ်တိုက်နေရငိး အလွန်ချစ်စရာကောင်းလှသည်။
အချိန်ဘယ်လောက်ကြာလဲမသိအောင် လူးလှိမ့်နေပြီး လှည့်နေပြီးနောက် စုကျင်းယန် စောင်ကို အေးအေးဆေးဆေး ဝင်လိုက်ပြီး အိပ်ဖို့ စီစဥ်လိုက်သည်။
အိပ်ယာမဝင်ခင်တွင် စုကျင်းယန် မတွေးပဲမနေနိုင်ပဲ ကံကောင်းလို့ ဒီနေ့အိမ်စာအများကြီးမရှိပဲ ကျောင်းမှာပဲ ပြီးနိုင်ခဲ့တယ် မဟုတ်ရင် သေချာပေါက် အေးစက်တဲ့ညဖြစ်နေတော့မယ်။
တိတ်ဆိတ်ပြီး မှောက်မိုက်နေကာ ညသည် အကန့်သတ်မရှိပေ။
အခန်းထဲက မီးအားလုံးကို မှိတ်ထားတဲ့အတွက်ကြောင့် ၎င်းက မှောင်မည်းနေကာ ပြတင်းပေါက်မှ ဖြတ်ကျော်လာသော မှိန်ဖျော့ဖျော့ လရောင်သာ တောက်ပနေပြီး ပတ်ပတ်လည် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ဖြစ်နိုင်ရုံလေးသာရှိသည်။
အနက်ရောင် ပုံရိပ်သည် ဧည့်ခန်းကို ဖြည်းညင်းစွာ ဖြတ်ကျော်သွားကာ မြူခိုးတိမ်ကဲ့သို့ အလွန်မဝံမရဲ တိတ်တဆိတ် ဖြတ်သွားကာ စုကျင်းယန် အခန်းတံခါးကို တိတ်ဆိတ်စွာ ဖွင့်လိုက်ပြီး လျှင်မြန်စွာ ပြန်ပိတ်လိုက်သည်။
YOU ARE READING
သံသယလွန်ကဲတဲ့ ဘောစ့်တွေအားလုံးက ငါ့ရည်းစားတွေ
TerrorCredit to Author & Translators. ခွင့်ပြုချက်မရထားပါ။