18

712 49 8
                                    

Unicode

ရေကျသံသဲ့သဲ့ကြားနေရသည့် ရေချိုးခန်း။
ဂျီမင်က ယခုနကမှ ပြန်ရောက်လာပြီး
ရေချိုးနေခြင်းဖြစ်သည် ။ သူကတော့
အခန်းထဲက စားပွဲပေါ်က ပန်းအိုးထဲမှ
သစ္စာပန်းနီနီတွေကို ခပ်ဖွဖွ တို့ထိနေမိသည် ။

ဆိုဖာပေါ်တင်ခဲ့သည့် ဂျီမင်ကုတ်အင်္ကျီက
လျှောကျသွားသည် ။ ကြမ်းပြင်ပေါ်ကို
ထွက်ကျလာသည့် စာရွက်အပိုင်းအစလေး
တစ်ခု ။ ဂျောင်ဂု ထိုအနားကို သေချာ
သွားလိုက်ပြီး စာရွက်လေးကို ကောက်ယူ
လိုက်သည် ။

စာရွက်မှာ ရေးထားတာက သိပ်ပြီး
ထွေထွေထူးထူးတော့ မဟုတ် ။ သူ့အတွက်
သောက်ဆေးတွေသာ ဖြစ်သည် ။
ဒါပေမဲ့...ထူးဆန်းတာက ဒီဆေးတွေကို
သူ တစ်ခါမှ မမြင်ဖူးတာပဲ ။

ပုံမှန်အားဖြင့် အားဆေးတွေဆို သူ
တော်တော်များများသိသည် ။ အခုဟာက
တစ်ခါမှ မမြင်ဖူးတဲ့ ဆေးနာမည်တွေ ။
ဆေးနယ်ပယ်မှာလည်း သိပ်သုံးတာ
မတွေ့ရတဲ့ ဆေးနာမည်တွေ ။

ရုတ်တရက် သံသယအရိပ်က
သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည် ။
ဘာမှန်း မသိတဲ့ဆေးတွေ ။ သောက်နေတာ
၅လလောက်ရှိတော့မည် ၊ အခုထိ ဘာမှ
မထူးခြားလာတဲ့ ခြေထောက်တွေ ။
မထူးခြားလာတဲ့ အပြင် တစ်နေ့ထက်တစ်နေ့
ပိုပိုပြီး ထုံလာတာ ။

ဟိုရက်က ရေနွေးခွက် ခြေထောက်ပေါ်
မှောက်ကျတာတောင် ဘာမှ မခံစားရတဲ့
အထိ ထုံထိုင်းလာတာ ။ သူ ပိုပိုပြီး
တွေးလာမိလေ ၊ သံသယတွေ ပိုများလာ
လေလေ ။ ဆေးလုံးတွေကိုလည်း သူ
သတိထားမိတာကြာပြီ ။ သူ သောက်ဖူးသမျှ
အားဆေးနဲ့တူတာ တစ်ခုမှ မရှိ ။ အစကတော့
သူ ဆေးပညာကို သိပ်မကျွမ်းလို့ မသိတာ
နေမှာပါ ဟု ဖြေသိမ့်ထားပေမဲ့ ယခုကျ
သူ အမျိုးမျိုး တွေးလာမိသည် ။

ထိုစာရွက်အပိုင်းအစလေးကို ယူထားလိုက်ပြီး ကုတ်အင်္ကျီကို ပုံစံမပျက် ပြန်တင်ထားပေးလိုက်သည် ။ ဂျီမင် ရေချိုးပြီး
အဝတ်အစားတွေ လဲပြုတော့လည်း
သူ ဟန်မပျက်အောင်သာ နေလိုက်သည် ။
နောက်တော့ ဂျီမင်က ကုတ်အင်္ကျီကိုယူပြီး
အခန်းထဲက ထွက်သွားသည် ။

Escape From The OblivionWhere stories live. Discover now