Ep 27
Uni+Zaw
" သခင်လေး !! "
တစ်ဖက်ကလည်းလန့်သွားပုံရသည်။ထိတ်လန့်တုန်လှုပ်စွာဖြင့် ချည်စောင်လေးကို သူ့လက်ကနေပြန်ဆွဲယူပြီး ကိုယ်ပေါ်တွင် ခြုံလွှားလိုက်သည်။
" 'ခ' ညကြီးမင်းကြီးဘယ်သွားမလို့လဲ "
လက်ထဲတွင်လည်း အထုပ်တစ်ထုပ်ကိုပိုက်လျှက်သား။
" ဟို.... ဟို.... အဲ "
ရုတ်တရက်ဆိုတော့ ဒိလုံခနှုတ်မှတစ်ခွန်းမှထွက်မလာ။အတော်လေး အကြပ်ရိုက်သွားသည်။ပြီးမှ အသင့်တော်ဆုံးအဖြေတစ်ခုကို စဥ်းစားမိသွားသည်။
" အဝတ်လျှော်မလို့ပါ "
" ဒီအချိန်ကြီးကို "
" ဟုတ်... ဟုတ်တယ် မနက်ဆို ရေတွင်းမှာလူကျပ်လို့ "
အတတ်နိုင်ဆုံး အသံကိုငြိမ်အောင်ထားပြီးဖြေလိုက်သည်။ဒိလုံခသည် နေ့ခင်းဘက်များတွင် အလုပ်လုပ်ရင်း ညီမလေးနဲ့ပတ်သက်တဲ့ သဲလွန်စကိုနားစွင့်ရသည်။ညဘက်တွင်တော့ အခုလိုရုပ်ဖျက်ထွက်ကာ ကိုယ်တိုင်ရှာဖွေစူးစမ်းရသည်။
" အင်း "
သခင်လေးစပ်ခေါင်ထီရာဇ်ကိုကြည့်ရင်း သူ့ကို သံသယဝင်မလားစိုးရိမ်မိသည်။
" ကိုယ်ရေငင်ပေးမယ် "
သို့နှင့်ညဥ့်နက်သန်းခေါင်တွင် ဒိလုံခတစ်ယောက် အဝတ်တွေလျှော်ဖွပ်နေရတော့သည်။လက်ထဲတွင်ပါလာသည့်အထုပ်မှာလည်း မိုးလင်းခါနီး အဆောင်ပြန်လာရင်လဲဝတ်ဖို့ အဝတ်စားများဖြစ်သည်။
ဒိလုံခမျက်နှာမှာစူပုပ်နေသလောက် စပ်ခေါင်ထီရာဇ်သည် ပြုံးရွှင်နေသည်။
" နောက်ရက်တွေလည်း ညဘက်အဝတ်လျှော်ဦးမှာလား။ကိုယ်ရေလာငင်ပေးမယ်လေ။ "
" မလျှော်ဘူး ဒီနေ့တစ်ရက်ပဲ "
သို့ပေမဲ့ နောက်တစ်နေ့ညတွင်လည်း သခင်လေးစပ်ခေါင်ထီရာဇ်သည် သူ့ဆီရောက်လာခဲ့သည်ပင်။သို့နှင့် ဒိလုံခလည်း ညကြီးမင်းကြီး အဝတ်တွေလျှော်ရပေသည်။
ဒိလုံခ ညဘက်ဘယ်အချိန်ပဲထွက်ထွက် စပ်ခေါင်ထီရာဇ်နှင့်မလွတ်ပေ။သုံးညလောက်ဆက်တိုက် ရေတွင်းတွင် ဒိလုံခတစ်ယောက် အဝတ်လျှော်ရမြဲ။ကြာတော့ သူလည်းသည်းမခံနိုင်တော့၍ နှုတ်မှထုတ်မေးရတော့သည်။
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...