အပိုင်း ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅

2.1K 283 8
                                    


Unicode

အပိုင်း ၂၀၁

ယွင်ရွှီကျိုးက ခေါင်းခါယမ်းရင်း ခြေလှမ်းအနည်းငယ်ရှေ့တိုး၍ မြူဝေစိမ့်စမ်းအိုင်၏ အစွန်းနားလျှောက်သွားကာ သူမခြေလှမ်းတွေကို လိုက်ကြည့်ထားဖို့ ဟန်အမူအရာပြလိုက်သည်။

စန်းယွမ်ယွမ်က ခေါင်းငုံ့ကာ ကြည့်လိုက်တော့ မြူဝေစိမ့်စမ်းအိုင်ပေါ်မှာ ပေါက်နေသည့် သွယ်လျလျမြက်ပင်စိမ်းနှစ်ပင်ကို မြင်လိုက်ရသည်။၎င်း၏ ကိုယ်ထည်က ရောင်စုံဖန်သားပြင်အလားဖြစ်နေကာ အစိမ်းရောင်အရည်တွေက မြက်ပင်၏ ပင်စည်ထဲမှာ ဖြည်းညင်းစွာ စီးဆင်းနေတာကို ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။

"ရေမခဲမြက်က အပြင်သယ်လို့မရဘူး။ဒါကြောင့် တို့ မင်းကို မဖြစ်မနေခေါ်လာရတာ"

ယွင်ရွှီကျိုးက အင်္ကျီလက်ကို ပင့်တင်ကာ ရေမခဲမြက် အစွန်းနားမှာ ငုတ်တုတ်ထိုင်ချ၍ စန်းယွမ်ယွမ်အား မြက်ပင်အဖျားကိုကိုက်ပြီး မြက်ပင်ဆီက အရည်တွေကို ဗိုက်ထဲရောက်အောင် စုပ်ယူဖို့ ဟန်အမူအရာပြလာသည်။

စန်းယွမ်ယွမ်ကလည်း စဥ်းစားတောင်မနေဘဲ လိုက်လုပ်လိုက်၏။

မြက်ပင်အဖျားကိုကိုက်လိုက်ခြင်းဖြင့် သူမဟာ နဖူးဆီတိုးဝင်လာသော လန်းဆန်းသည့်ရောင်ဝါတို့ကိုခံစားလိုက်ရသည်မှာ အားသစ်အလောင်းခံလိုက်ရသည့်အလား။

သူမက အသာအယာစုပ်ယူလိုက်တော့ အလွန်အမင်းအေးစက်သည့် အရည်တို့ကခံတွင်းဝထဲ စီးလာသည်။ အရသာက ပူဒီနာနှင့်အနည်းငယ်ဆင်၍ အသားက ရေခဲစနှင့်ရောနှေသည့်ဂျယ်လီဖတ်များကဲ့သို့ရှိကာ အလွန်အရသာရှိသည်။

"နှစ်ပင်လုံး သောက်လိုက်။ အလဟာသအဖြစ်မခံနဲ့!"

ယွင်ရွှီကျိုးက သူမကိုပြောလာသည်။

ရေမခဲမြက်၏ အရည်တွေ သူမနဖူးဆီ ပြေးဝင်လာသည်နှင့် စန်းယွမ်ယွမ်သည် သူမခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတွေကို ချက်ချင်းခံစားမိသွားသည်။သူမမျက်ခုံးကြားမှာ စုပုံနေသည့် ထူးဆန်းလှသောနွမ်းနယ်မှုများဟာ ခန္ဓာကိုယ်တွင်းကနေ ကွယ်ပျောက်သွားကာ အမြင်အာရုံတွေကလည်း ရုတ်ချည်းလင်းလက်လာ၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt