🎧 Recommended song - Paris in the Rain by Lauv
// One fine day with Shentaerae
"ပဲရစ်သွားမှာလို့"
"လန်ဒန်ပဲ သွားရအောင်လေ Rae ရဲ့"
ဧည့်ခန်းက ဆိုဖာပေါ်မှာ ပြန့်ကြဲနေတဲ့ စာရွက်ပုံကြားထဲက လေယာဉ်လက်မှတ်နှစ်စောင်ကို လက်ထဲမှာ ကိုင်ထားရင်း Rae က သူ့ကို ဂျစ်တိုက်နေလေရဲ့။
"အစတည်းက Rae နဲ့ ကိုယ် ပြောထားပြီးသားလေ။ လန်ဒန်ရော ပါရီရော သွားကြမယ်ဆိုပြီး။ ဘာလို့ အခုမှ လန်ဒန်မသွားတော့ဘူးလို့ ဂျီကျနေရတာလဲ"
"အာ ရှန်ကလဲ။ အဲ့လိုပြောတုန်းက အချိန်ရှိတယ် အခုက အချိန်မရှိဘူးလေ။ လက်ခံထားတဲ့ နောက်အမှုက နှစ်ပတ်နေရင် စမယ့်ဟာ နှစ်နေရာ သွားဖို့ မမှီဘူး။ ပဲရစ်ပဲ သွားမယ် ဒါပဲ"
ကတိပေးတုန်းက ပေးပြီး အခုကျမှ သူလုပ်ချင်သလို ရွှေ့နေတဲ့ အဆိုးလေးဘေး ရစ်ခီ ဝင်ထိုင်ရင်း ဖောင်းနေတဲ့ ပါးနှစ်ဖက်ကို လက်နဲ့ ညှစ်ကာ။
"ကင်မ်ထယ်ရယ်က မလိမ္မာတဲ့အပြင်ကို ကတိပါ ဖျက်လာပြီပဲ"
"အဲ့တော့ ရှန်က မကျေနပ်ဘူးလား။ မကျေနပ်ဘူးဆိုလည်း ကိုယ့်ဘာသာ တစ်ယောက်တည်း သွားမယ်။ မွေးတုန်းကလည်း တစ်ယောက်တည်းပဲဟာ"
သူ့ဘက် လှည့်ကာ လုံးဝအလျှော့မပေးနိုင်တဲ့ ပုံစံနဲ့ အံကြိတ်ပြီး မျက်စောင်း တသွင်သွင် ထိုးနေတဲ့ Rae ကို ထုံးစံအတိုင်း မနိုင်တော့တာမို့။
"သွားမယ်လို့။ Rae နဲ့ ကိုယ်အတူ လိုက်ခဲ့ပေးမယ်လို့"
"ဒီလိုမှပေါ့။ လိမ္မာတယ် ကြောင်လေးရှန်က"
လိုချင်တာ ရသွားလို့ သဘောတကျ ပြုံးကာ သူ့ခေါင်းကို Rae က သာသာလေး ပုတ်တယ်။
"ကိုယ်က ကြောင်ဆို ဒီကြောင်ပိုင်ရှင် လုပ်ရမယ့်ဟာ ရှိတယ်"
"ဘာလဲ"
အံ့ဩသွားတဲ့ မျက်ဝန်းတွေနဲ့ Rae ရဲ့ အမေးကို နှုတ်ခမ်းဖူးဖူးလေးဆီ ရစ်ခီ ခေတ္တမျှ ဖိကပ်ပြီး။
"ကြောင်ပိုင်ရှင်ဆိုတော့ အာဘွားပေးရမှာပေါ့။ ပြီးတော့ ကြောင်တွေကိုက တစ်ခါပဲ ပေးလို့မရဘူးနော်"
YOU ARE READING
𝙀𝙞𝙩𝙝𝙚𝙧-𝙊𝙍
Fanfic"I can only hear your nagging, let's stop" // Ricky and Taerae • Written in burmese • Fanfiction