"Omma! Omma!!"
"ဘယ်လိုဖြစ်လာတာလဲ Kim Jisoo ရယ် ငါမသေသေးပါဘူး"
Jisoo အမေဟာ ကား Accident ကြောင့်ဆေးရုံရောက်သည်ဆိုသည့် သတင်းကြောင့် အိမ်ဝမရောက်ခင်မှာပဲ ဆေးရုံကိုအမြန်ပြေးလာရတာ။ အခုတော့ သူ့အမေဟာ ဘာမှမဖြစ်ပဲ ဆေးရုံကုတင်ပေါ်တွင် အကောင်းတိုင်းရှိနေသည်။ ပိုဆိုးသည်က Jennie နှင့် ရယ်မောပြီး စကားပြောနေကြတာပါပဲ။ ဒါကိုမြင်တော့ Jisoo မျက်နှာတင်းမာသွားသည်။
သူမ အမေ Accident ကြောင့်ဆေးရုံရောက်တယ်လို့ကြားတည်းက သူ့ကိုပြောခဲ့သည့် Jennie စကားဟာ နားထဲကြားယောင်မိတာ။ Jisoo ဘယ်လောက်တောင် စိတ်ပူခဲ့လိုက်သလဲ။ အခုတော့ သူ့အမေဟာ Jennie နဲ့ ရယ်မောနေသည်တဲ့။
"Jen လေးတောင်ရောက်နေတာ... ကျောင်းဆင်းဆင်းခြင်းတောင် သတင်းကြားပြီးရောက်လာတာတဲ့။ အိမ်ကသမီးများ အခုမှသိပုံပဲ"
အမေဖြစ်သူရဲ့ ခနဲ့တဲ့တဲ့စကားကြောင့် ပိုဒေါသဖြစ်လာမိသည်။ သမီးရင်းဖြစ်သည့်သူနှင့်လာယှဉ်ပြောရုံမကပဲ သမီးရင်းကိုအနိုင်ကျင့်စော်ကားနေသည့်သူနဲ့မှ နှိုင်းပြောသည့်အတွက်ပင်။ ထို့ပြင် အခုမတော်တဆမှုဟာ Jennie နှင့်သာဆိုင်လိမ့်မည်။ သွေးရိုးသားရိုးမဖြစ်နိုင်ပါ။ Jisoo တောင် အိမ်ပြန်ရောက်မှသိသည့်ကိစ္စကို Jennie ဟာ ကျောင်းဆင်းတည်းကသွားတယ်ဆိုတော့ Jennie အစတည်းကကြိုသိနေခဲ့တာလေ။ Jisoo လက်နှစ်ဖက်ဟာ တင်းခနဲဖြစ်သွားသည်။
"ကြည့်လည်းလုပ်ဦး Omma Accident ဖြစ်တာသူ့အကြံလည်းဖြစ်နေဦးမယ်!... သမီးရင်းကတောင် မသိသေးပဲ ကြိုသိနေတယ်ဆိုတော့"
"Kim Jisoo!!"
Jisoo ရဲ့ ရွဲ့တဲ့တဲ့စကားမှာ အမေဖြစ်သူ၏ ဒေါသတကြီးအော်သံဟာ ဆေးရုံအခန်းထဲပျံ့နှံ့သွားသည်။ Jennie ကတော့ Jisoo စကားကြားပြီးသည့်အခါ သူ့ရဲ့လူယုတ်မာအပြုံးလေးဟာ မျက်နှာတွင်ဖြစ်ထွန်းသွားသည်။
"ကိုယ့်အမေဘာဖြစ်နေတာလဲ အရင်မမေးပဲ ဆေးရုံထိလာပြီး ပြဿနာရှာနေတာပဲ!!... အစကတော့ ငါတို့သမီးလေးမှန်လောက်မှာပါဆိုတဲ့ သံသယလေးရှိသေးတယ်။ အခုတော့!... ငါတို့သမီးက အလကားနေရင်း တခြားသူကိုမုန်းနေတာပဲ"