S2 အပိုင်း၆
"ကိုယ်တို့အတူတူနေထွက်တာကိုကြည့်ခဲ့ဖူးသလိုပဲ....''
ဟာအိုလှည့်ကြည့်လိုက်တော့ဟန်ဘင်းသူ့ပုခုံးကိုခေါင်းမှီထားတာမို့ မျက်နှာကိုသေချာမမြင်ရပါဘူး။ဟန်ဘင်းသူနဲ့ပင်လယ်သွားခဲ့တာပြန်မှတ်မိသွားတာလား...ဟန်ဘင်း ဆီက 'sorry'ဆိုတဲ့အသံတိုးတိုးလေးကြားတော့မှ အတိအကျမှတ်မိတာမျိုးမဟုတ်ပဲ သူ့အိမ်မက်ထဲမှာ ဒီလိုအခြေအနေမျိုးကြုံခဲ့ဖူးလို့ မေးမိတာမျိုးနေမှာပါ။
သူကအိမ်မက်ကိုပြောတာမကြိုက်မှန်းသိလို့ သူနဲ့ရင်းရင်းနှီးနှီးပြန်နေကြတဲ့အချိန်ကစပြီးဟန်ဘင်းကမပြောမိအောင်ကြိုးစားနေရှာပါတယ်။သူမပြောစေချင်တာ ဟန်ဘင်းပြန်မှတ်မိသွားမှာစိုးရိမ်လို့ဆိုပေမယ့် အိမ်မက်ထဲမှာတကယ်ပဲသူနဲ့တူတူရှိနေတုန်းကအချိန်တွေကိုမြင်နေခဲ့လားဆိုတော့သူသိချင်ပါတယ်။
"ဟန်ဘင်းအိမ်မက်ထဲမှာ ကိုယ်ကဘယ်လိုပါတာလဲ''
ဟန်ဘင်း သူပြောပြချင်တဲ့အကြောင်းအရာတွေကိုမေးလိုက်တာမို့ေပျာ်သွားဟန်နဲ့သူ့ပုခုံးပေါ်ခေါင်းမှီထားရာကထပြီးလူပါသူ့ဘက်ကိုလှည့်ကာ....
"ရှင်းရှင်းလင်းလင်းေတာ့မမှတ်မိပေမယ့် နှင်းတောထဲမှာ ဟာအိုနဲ့ကိုယ်နဲ့ပြေးပြီးဆော့နေကြတာ...''
ဟန်ဘင်းက သူနဲ့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကိုမှတ်မိနေခဲ့တာပဲ...သူအပျော်ဆုံးနဲ့အနာကျဉ်ရဆုံး ဖြစ်ခဲ့ရတဲ့အချိန်မို့ မှတ်မိနေခဲ့တာလား...
"၃နှစ်လုံးအဲ့ဒီအိမ်မက်တစ်ခုထဲကိုထပ်တလဲလဲမက်နေခဲ့တာ...နိုးလာရင် ရင်ဘက်ထဲကအောင့်ပြီး ကိုယ်တောင်မသိလိုက်ခင်မှာ မျက်ရည်တွေကျနေခဲ့မိတာ...''
ဟန်ဘင်းဘယ်လောက်တောင်များခံစားခဲ့ရလို့ ဘာမှမမှတ်မိတဲ့အချိန်မှာတောင် နာကျဉ်ရတဲ့ခံစားချက်က ရှိနေရတာလဲ။အားလုံးသူ့အပြစ်တွေပါ...
"အိမ်မက်ထဲမှာ အပျော်ဆုံးအချိန်ကဘာလဲသိလား....''
သူမျက်ခုံးပင့်ပြတော့....
"ကျန်းဟာအိုကိုနမ်းရတဲ့အချိန်ပဲ....''
သူမျက်မှောင်ကျုံ့လိုက်ကာ...