The star on his hand

945 76 2
                                    

ချစ်ခြင်းမေတ္တာမည်သောခံစားချက်အလွှာပါးလေး၏အတိမ်အနက်သည်မည်မျှနက်နဲကြောင်းပင်လယ်ပြင်နှင့်နှိုင်းယှဉ်ကြည့်သည်။

မိမိမဟုတ်သောတစ်ပါးသူရဲ့တစ်နေ့တာလေးတော့ပျော်‌ရွှင်နေရင်ကောင်းမယ်လို့အပေါ့ပါးဆုံး၊အကြည်လင်ဆုံးမေတ္တာတွေဟာမည်မျှအေးချမ်းကြောင်းလဲလေပြေအေးလေးနဲ့နှိုင်းယှဉ်ကြည့်ချင်ပါသေးသည်

ဆောနူရဲ့အချစ်ဦးဖြစ်သူကိုတော့နွေဦးရာသီလေးနဲ့နှိုင်းယှဉ်ကြည့်ချင်တယ်။ခံစားချက်ကတော့သိပ်လှပြီးသာယာတာပေါ့။ပန်းမျိုးစုံပွင့်ဖူးနေတဲ့ခံစားချက်လို၊တစ်ခါတစ်ရံဖြတ်တိုက်သွားတဲ့နွေဦးရဲ့လေရူးလေဝေ့လေးလို ဆန်းသစ်နေတော့တာပဲ။

ကမ္ဘာဟာသူနဲ့သာဆိုအရောင်စုံပြီး နွေဦးဟာသူနဲ့သာဆိုပိုပြီးသာယာမှာသေချာသည်။ထပ်ပြီးမဖြတ်သန်းချင်တော့တဲ့နေ့ရက်တွေမှာလဲသူကအားပေးတတ်သလို ငြီးငွေ့စရာဘ၀ကြီးထဲမှာလဲသူကသစ်လွင်တဲ့အနုပညာတစ်ခု။ ထပ်ခါထပ်ခါမြတ်နိုးရတဲ့ ဆောနူရဲ့ချစ်သောနွေဦးပါပဲ။
__________

"ကျောင်းသွားဖို့ပြင်တော့လေသားရဲ့၊နောက်ကျနေဦးမယ်"

"ဒါလေးသိမ်းပြီးရင်ပြီးပြီ အမေ"

"သားအတွက်ဖက်ထုပ်အမေနွှေးပေးထားမယ်နော်
ပြီးရင်မနက်စာပူပူလေးစားသွား"

ဆောင်းတွင်းအေးအေးဖြစ်ဖြစ်၊နွေရာသီအလယ်ပဲဖြစ်ပါစေဦး ဆောနူဟာမေမေ့ရဲ့ဖက်ထုပ်ပေါင်းပူပူလေးကိုစားရတာနှစ်သက်သည်။ အလယ်တန်းကျောင်းသားဘ၀တုန်းကတော့သဘောမကျခဲ့ဘူး။ဖက်ထုပ်ဆိုင်ဖွင့်ထားတဲ့အိမ်မို့နေ့နေ့ညညငြီးငွေ့အောင်ကိုစားရလို့ဆောနူအနံ့တောင်မခံချင်ခဲ့ဘူး။

သို့သော်တက္ကသိုလ်ကျောင်းသားဖြစ်လာတဲ့ဆောနူကတော့ ဖက်ထုပ်ကိုသဘောကျလာသည်။မနက်တိုင်းဖက်ထုပ်နံ့သင်းသင်းလေးရတဲ့အမေ့ရဲ့ဆိုင်လေးမှာကူညီရတာအကျင့်ဖြစ်ပြီးသူ့ကိုတစ်ယောက်ထဲပျိုးထောင်ဖို့ပင်ပန်းခဲ့ရတဲ့အမေနဲ့ဒီဆိုင်လေးဟာဘယ်လောက်အဖိုးတန်လဲနားလည်လာခဲ့သည်။

အိမ်နဲ့သိပ်မဝေးသောဘတ်စ်ကားမှတ်တိုင်သို့ရောက်တဲ့အခါကံကောင်းစွာဖြင့်ဘတ်စ်ကားမရောက်သေးပါ။လူရှင်းတဲ့ရက်ဖြစ်သည့်အတွက်မှတ်တိုင်တွင်လဲလူမရှိသည့်အခါခုံတန်း၌ ဆောနူခဏထိုင်၍အမောဖြေလိုက်သည်။

my spring • 봄  [SUNSUN] Where stories live. Discover now