[ a/n ဝမ်းရှော့ထဲကနေ ထပ်ပြီး သက်သက် cover လေးနဲ့ထားချင်လို့ပါဗျာ ။ ကော်မရှင်လေးပါနော် ]
How could I find a words to tell her.
I'm in love with Haejeon's Brother" ဟယ်ဂျွန်..လာပြီ..ဟယ်ဂျွန်!! "
" ရှင်းမ်ဂျယ်ယွန်းစီဘဲလာတာ နေမှာ "
" ငါ့ရဲ့ အလှနတ်ဘုရားမလေးကွာ "
" ရှင်းမ်ဂျယ်ယွန်းကို အားကျလိုက်တာကွာ..ဒီလောက်လှတဲ့ အလှနတ်ဘုရားမလေးစီက ကြိုက်ခံနေရတာ.. "
Locker ထဲ စာအုပ်တွေ သိမ်းဆည်းနေတဲ့ သူ့လက်တွေ ရပ်တန့်သွားရတယ်။ ဘေးဘီတွင် ဝိုင်းအုံပြောလာတဲ့ လူတွေတဲ့ တပိုးတပေါက် အသံတွေနဲ့အတူ သူ့ကိုကြည့်နေတဲ့ အကြည့်တွေကို ခံစားမိလာရလေသည်။
တဖြည်းဖြည်း နီးကပ်လာသော တစ်ဒေါက်ဒေါက် မြည်သံဟာ သူ့၏ ဘေးနားလေးလောက်အရောက်တွင် အသံတိတ်သွားတော့သည်။ အောက်ခြေပိုင်းကို မျက်လုံးထောင့်ကကြည့်မိလေတော့ လုံးလုံးလေးဖြစ်နေတဲ့ ကြိုးသိုင်းဒေါက်ပုအဝိုင်းလေးတွေ စီးထားတဲ့ ခြေထောက်လေးတွေကို တွေ့ရလေတယ်။
အပေါ်သို့ တဖြည်းဖြည်း တိုးကာ ကြည့်လိုက်တော့ တဝံ့တဝါးနှင့် သူ့ကိုကြည့်နေတဲ့ ဟေဇယ်ရောင်မျက်လုံးလှလှတွေနှင့် စုံသည်။
" ဂျယ်ယွန်း..ဟယ်ဂျွန်တို့ ဒီနေ့ရော မုန့်တူတူသွားစားကြမလား "
ဟယ်ဂျွန်သည် locker ကိုမှီလျက် ဩဇာရှိသခင်မတစ်ယောက်လို လက်ကိုသွယ်လျက်ထားပြီး သူ့၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး ပြောလာလေသည်။
ဂျယ်ယွန်းကဘဲ မနေနိုင်စွာ ဟယ်ဂျွန် နှင့် အကြည့် လွှဲလိုက်ပြီး စာအုပ်တွေကိုဆက်လက် သိမ်းဆည်းလိုက်ရင်းကနေ ပြန်ဖြေလိုက်သည်။
" ငါ ဒီနေ့ မအားလောက်ဘူး ဟယ်ဂျွန်..ဒီနေ့ ဆရာပေးတဲ့ report တွေ လုပ်ရအုံးမယ်..မနက်ဖြန်ထပ်ရမှာမလို့ "
သူ အဲ့လိုက်ပြောလိုက်သည့်အခါ ဟယ်ဂျွန်ဟာ ဆူပုတ်ပုတ် နှင့် ချက်ချင်းပင်ပြန်ပြောလာသည်။
" အရမ်းများလို့လား "
" အင်း..ဟယ်ဂျွန်ရော စာမလုပ်ဘူးလား"
YOU ARE READING
haejeon's brother
Teen FictionJAY x JAKE RECOMMED SONG - stacy's brother 10.30.2023