"စီနီယာကျင်းယန်!"
စုကျင်းယန်က အတန်းထဲကနေ ထွက်လာပြီး အိပ်သာသွားတော့မလိုဖြစ်သည်။
"ဟမ်?"သူက အသံလာရာ အရင်းအမြစ်ကို လှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့သြသွားခဲ့တယ်။
စုန့်ခဲယင်က ကော်ရစ်ဒါအပြင်ဘက်မှာ မတ်တပ်ရပ်နေပြီး အရင်ကလိုပဲ သူ့အကြိုက်ဆုံး ဂါဝန်ရှည်ကို ဝတ်ဆင်ထားခဲ့တယ်။သူစိတ်ထင်နေတာလား သူမသိသော်လည်း အဲ့အခိုက်တန့်မှာ စုန်ခဲ့ယင်ရဲ့ မျက်လုံးတွေက နည်နည်း နီရဲနေတယ်လို့ သူခံစားရပြီး သူမရဲ့ စိတ်အနေအထားကတောင် ကောင်းမနေခဲ့ပေ။သူမက ကမ္ဘာတုန်လှုပ်စရာ ပြောင်းလဲမှု့တွေ ကြုံတွေ့ခဲ့ရသလိုမျိုး ဖြစ်နေသည်။
အဲ့ဒါက ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို အထင်သေးနေသော မယှဥ်နိုင်သည့် မျက်စိဖမ်းစားစရာကောင်းသော စိတ်နေအနေအထားဖြစ်သည်။
နေ့တိုင်း ကော်ရစ်တာတစ်ဝိုက်မှာ စုကျင်းယန်အတန်းထဲကနေ ထွက်လာတာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတဲ့ ဖန်းဘွိုင်း ဖန်းဂဲလ်လေးတွေ အများကြီးရှိသည်။
ကျွမ်းကျင်တဲ့ဖန်များအနေဖြင့် သူတို့သတင်းအချက်၏ အရင်းအမြစ်များမှာ အလွန်လျင်မြန်သည်။သူတို့ စုကျင်းယန် ဒီနေ့ တစ်ယောက်ယောက် စက်ဘီးနောက်မှာ ထိုင်လိုက်ပြီး ကျောင်းလာတယ်ဆိုတာသာမက စုန့်ခဲယင်က ဂရင်းအို့လစ်ပန်းချီကလပ်၏ ဥက္ကဠအသစ်ဆိုတာလည်း သူတို့သိသည်။စုကျင်းယန်၏ တိုက်ရိုက် ဂျူနီယာဖြစ်သည်။
စုန့်ခဲယင်က သူ့မစိတ်ထဲက ခံစားချက်တွေကို ထိန်းချုပ်ထားရာတွင် ကောင်းမွန်စွာလုပ်နိုင်သော်လည်း သူမ တကယ် အသက်ရှင်နေတဲ့ စီနီယာကို ထပ်ပြီး မြင်လိုက်ရချိန်တွင် သူမစိတ်ထဲက ဝမ်းနည်းမှု့နဲ့ အိမ်မက်လိုခံစားချက်တွေက အားလုံးတစ်ကြိမ်ထဲ ထွက်လာပြန်သည်။
စုကျင်းယန်က သူမရပ်နေဆဲဆိုတာကို မြင်လိုက်ရတော့ သူကလျှောက်သွားလိုက်ပြီး မေးလိုက်တယ် "ဘာဖြစ်လို့လဲ?"
စုန့်ခဲ့ယင်က စီနီယာရဲ့ အသံကို သူမကြားတော့ ပြန်ဖြေဖို့ သူမပါးစပ်ကိုဖွင့်လိုက်ပေမယ့် သူ့စိတ်ထဲမှာ ဘာဖြစ်နေလဲ သူမမသိပေ အဲ့အစား မျက်ရည်တွေက မထိန်းချုပ်နိုင်စွာ စီးကျလာခဲ့ပြီး အိန်ဂျယ်လို လှလှပပ ငိုတဲ့ ပုံမှန်အသွင်အပြင်နဲ့ မတူကာ မဖော်ပြနိုင်အောင် ဆို့နစ်နေပြီး ငိုရှိုက်နေတာ ဖြစ်သည်။
YOU ARE READING
သံသယလွန်ကဲတဲ့ ဘောစ့်တွေအားလုံးက ငါ့ရည်းစားတွေ
HorrorCredit to Author & Translators. ခွင့်ပြုချက်မရထားပါ။