The Next day..
သာယာလှတဲ့မနက်ခင်းလေးတစ်ခု...
ငှက်ကလေးတွေရဲ့တကျီကျီအော်သံကြောင့်...မှေးစင်းနေသည့်မျက်လုံးများအား ခပ်ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
ပထမဦးစွာမြင်တွေ့လိုက်ရတဲ့ ဒီမြင်ကွင်းဟာဘာနဲ့မှနှိုင်းယှဉ်ပြလို့မရနိုင်တဲ့အခြေအနေဆိုတာ အမှန်ဆုံးဖြစ်လိမ့်မည်ထင်သည်...
လက်မောင်းတစ်ဖက်ကိုဖိထားသည့်ခေါင်းလုံးလုံးလေးကြောင့်ထုံကျင်နေတာသိပေမဲ့လည်း...အိပ်မောကျနေလျက်ရှိနေသည့်ဒီကောင်ငယ်ကလေး နိုးသွားမှာကိုမလိုလားခဲ့ပါ~
သူ့လက်မောင်းကိုခေါင်းအုံးရင်း ရင်ခွင်ထဲမှာကွေးကွေးလေးအိပ်ပျော်နေတဲ့ ကောင်လေးဟာ ဖြူစင်လွန်းတဲ့ငှက်ငယ်လေးတစ်ကောင်လို...
ပတ်တီးစီးထားသည့်လက်လေးအား ခပ်ဖြည်းဖြည်းချင်းထိကိုင်သည့်အခါ..တစ်ချက်တစ်ချက်တွန့်တွန့်သွားတတ်သည့် ကောင်ငယ်ကလေး...
အိပ်မောကျနေသည်ကိုအခွင့်ကောင်းယူရင်းခေါင်းလုံးလုံးလေးအား ခိုးယူနမ်းရှိုက်နေသည်ကိုကောင်ငယ်လေးကတော့ သိမည့်ပုံမပေါ်...
မျက်တောင်ကော့ကော့လေး..ဘာဆိုးဆေးမှမပါတဲ့သဘာဝအလျောက်ပန်းဆီရောင်သမ်းနေသည့် နှုတ်ခမ်းပါးတစ်စုံ...ချစ်စရာပါးဖောင်းဖောင်းလေးတွေနှင့် ဒီကောင်ငယ်ကလေးဟာ..ဘာမှအပြစ်ပြောစရာမရှိတဲ့ ပြည့်စုံလွန်းသည့် မင်းသားချောလေးတစ်ပါးသဖွယ်..~
"အင်း~~ဟင်း"
ခပ်တိုးတိုးထွက်ပေါ်လာတဲ့ ညီးတွားသံလေးကြောင့်...အကြည့်များကိုလွှဲချရင်း မျက်လူံများကိုပိတ်ချလိုက်သည်...သူနိုးနေသည်ကို ကောင်ငယ်လေးအား မသိစေချင်မိသည့် စိတ်ဟာစိုးမိုးလျက်...
..
နာကျင်လာသည့်လက်တစ်ဖက်ကြောင့် အမြင်များမှုံဝါးဝါးဖြင့်သာ နိုးထလာခဲ့သည်...ရင်းနှီးမှုမရှိလေတဲ့မျက်နှာကြက်ကြောင့် မျက်မှောင်ကြုံ့လိုက်မိပေမဲ့လည်း..ဘေးနားတွင်ရှိနေသောလူသားတစ်ဦးဟာ သူ့အားချက်ချင်းပင်..နွေးထွေးမှုတစ်ခုကိုပေးစွမ်းနိုင်လောက်သည်...ဘယ်အရာကများ ဒီလောက်ထိ လုပ်နိုင်ရပါသနည်း..