[ 9 ]

669 71 29
                                    

ထွက်သွားနိုင်တဲ့သူကတော့ ထွက်သွားခဲ့ပြီဆိုပေမဲ့ ကျန်ခဲ့ရတဲ့ဂယူဗင်းမှာတော့ company တောင်မသွားနိုင်ဘဲ တစ်နေကုန်အိပ်ရာထဲမှာပဲခွေနေမိခဲ့သည်။

သို့ပါသော်လည်း ဟန်ယူဂျင်းနဲ့ပတ်သက်ရင် အမှတ်မရှိဘူးလို့ဆိုနိုင်တဲ့ သူ့ရဲ့ပင်ကိုယ်စရိုက်လေးကတော့ ညဉ့်နက်လာလေလေ ဗီဇပြလာလေလေပင်။

"" ဘယ်ကိုထွက်သွားလို့အခုထိပြန်မလာရတာပါလိမ့်...သွားစရာနေရာလည်းမရှိတာကို.. ""

ဂယူဗင်း တစ်ယောက်တည်းရေရွတ်လိုက်ပါရင်း..အနားမှာရှိနေတဲ့ဖုန်းဆီအကြည့်ရောက်သွားခိုက်..တိုက်တိုက်ဆိုင်ဆိုင်ဖြတ်ခနဲလင်းလာတဲ့ ဖုန်း screen လေးက စာဝင်လာကြောင်းအချက်ပြလာခဲ့၏။

ဒီအတိုင်းလှမ်းကြည့်လိုက်ရုံနဲ့တင်
ယုန်emojiလေးထင်းနေအောင်ပေါ်နေတဲ့
contact nameလေးကြောင့် ဂယူဗင်းစိတ်ထဲ
လှိုက်ခနဲဝမ်းသာသွားရကာ ချက်ချင်းဆိုသလိုယူကြည့်လိုက်မိသည်။

- ဒီအတောအတွင်း ခဏလောက် ခွဲနေကြရအောင်၊ အဲ့ဒါက နှစ်ယောက်စလုံးအတွက် ပိုအဆင်ပြေလိမ့်မယ်၊ ကျွန်တော်အဆင်ပြေပြေနဲ့ရှိနေမှာမလို့ ကျွန်တော့်အတွက်စိတ်မပူပါနဲ့ -

သူစိမ်းဆန်ဆန်အသုံးအနှုန်းတွေအပြင်
အေးစက်စက်အငွေ့အသက်တွေပါလွှမ်းမိုးလို့‌နေတဲ့ ထိုစာတိုကြောင့် ဂယူဗင်း မိနစ်အနည်းငယ်ခန့်မျှ ဘာကိုမှမတွေးနိုင်လောက်အောင်ဖြစ်သွားရသည်။

' ဒါယူဂျင်းပို့လိုက်တာဟုတ်ပါတယ်နော်? ' လို့ကိုယ့်ကိုယ်ကိုယ်ပြန်မေးရင်း contact name နဲ့ ဖုန်းနံပါတ်ကိုပြန်စစ်မိတဲ့အထိ သူ့အတွေးတွေဝေဝါးကုန်သည်။

ခဏလောက်ခွဲနေကြရအောင်? အဲ့ဒါကနှစ်ယောက်စလုံးအတွက်ပိုအဆင်ပြေလိမ့်မယ်?

စာကိုအထပ်ထပ်အခါခါပြန်ဖတ်မိရာက ဂယူဗင်း အသက်မဲ့စွာထရယ်မိတော့သည်။

"" ဟား ... ဟာသပဲ ဟန်ယူဂျင်း ""

ရယ်ရသည်။ အစကတော့ သူ ဘာကိုမှသေချာမတွေးနိုင်လိုက်လို့ ဘယ်လိုမှမနေပေမဲ့... တကယ်တမ်းမှာ‌တော့ ဒီစာက ထပ်ခါထပ်ခါ ဖတ်လေလေ သူ့အတွက် ရယ်ရလာလေလေပင်။

Already Yours Where stories live. Discover now