သူ့၏ စိတ်တွေ လွင့်မျောနေသည်။အတွေးလွန်နေသည်ဆိုလဲပိုမှန်ပါမည်။မင်္ဂလာဆောင်တစ်ခုထဲရောက်နေခဲ့သည်။ မကြာခင်တွင်ပဲ သတို့သားနှင့်သတို့သမီးထွက်လာသည်။ထိုသတို့သားဟာလဲ သူ့၏ အချစ်ဆုံးလူသားတစ်ယောက်ဖြစ်နေသည်။သို့သော်ထိုလူ၏ လက်ကိုကိုင်ထားရတယ့်လူက သူမဟုတ်ပင်....။
မောင့်ကိုသူသိပ်ချစ်သည်။သို့သော်မောင်ကရက်စက်လှသည်။သူ့အပေါ်တွင်သစ္စာတရားမဲ့ကာ အခြားအမျိုးသမီးတစ်ယောက်နှင့်ပျော်ရွှင်စွာ ဘဝအသစ်စတော့ပေမည်။ထို့နောက် သူ့၏ မျက်နှာပင် မရှိပဲ မောင်ကအေးစက်စွာ မင်္ဂလာဖိတ်စာအားလာပေးခဲ့သည်။မောင့်ရဲ့ချိုသာသောစကားတွေ ကအလိမ်အညာ တွေမှန်းသူ မသိခဲ့ပေ။သူမောင့်ကိုစိတ်ဆိုးမိပါသည် သို့သော်မမုန်းရက်ပါ။
ပတ်ဝန်းကျင်နှင့်မိဘတို့၏ ဖိအားကြောင့် မောင်ကစိတ်ပြောင်းကာထားခဲ့တာလဲဖြစ်လိမ့်မည်။ယောက်ျားချင်းမို့မဖြစ်နိုင်ဘူးလို့ သူရဲ့အတွေးတွေဟာလဲမှန်လာခဲ့သည်။
သူဟာနိမ့်ကျတဲ့မိသားစုကဆင်းသက်လာသူဖြစ်သည်။မောင်ကတော့ရွှေဇွန်းကိုက်ကာမွေးဖွားလာခဲ့သူပင်။သူယခုရှာနိုင်ဖွေနိုင်သောလူတစ်ယောက်ဖြစ်သောလည်း မောင့်မိဘတွေက ယောင်္ကျားချင်းမို့သဘောမတူကြပေ။
မောင်နဲ့သူတို့စတွေ့ခဲ့သော ကော်ဖီဆိုင်လေးမှာ ယခုတော့ ရာသက်ပန်ပိတ်သွားခဲ့ပြီလေ။သူ့အားချစ်သည်ဟုအရင်ဆုံးပြောသူမှာ မောင်ဖြစ်ပြီး လမ်းခွဲမည့်စကားအားပထမဆုံး ပြောသူမှာလဲ မောင်ပဲ။
သူစိတ်တွေကျဉ်းကျပ်လာသည်။မောင်နှင့်မောင့်သတို့သမီးလေးတို့က နမ်းကြတော့ပေမည်။သူ မောင့်အားရပ်တော့လို့ အော်ချင်သည်။သို့သော်သတ္တိမရှိခဲ့ပါ။အလိုမပါပဲစီးကျလာသောမျက်ရည်တွေအား သူမုန်းမိပါသည်။သူဟာ မိန်းမဆန်တဲ့သူလဲမဟုတ်ပေ။သူထိုမြင်ကွင်းအားဆက်မကြည့်ချင်တော့ပေ။
သူလူတွေကြားမှပြေးထွက်လာခဲ့သည်။ကားပါကင်မှာထား ထားသောကားကိုယူကာ သူမောင်းထွက်လာခဲ့သည်။
မြစ်ကမ်းဘေးနားအားရောက်သော် သူကားပေါ်မှဆင်းလိုက်သည်။မြစ်ကမ်းနားတွေလူသူရှားသည်။သူမြစ်ကမ်းနားသို့လျှောက်လာကာ သူ့ရင်ထဲကစိတ်ကျဉ်းကျပ်မှုတွေကို ထုတ်လိုက်တော့သည်။
'အားးးးးးးးးးးးးးးးးးး ဘာလို့လဲ ဘာလို့လဲ!'
သူအော်ကာ ထိုင်ချပြီး ငိုလိုက်သည်။သူမူးဝေလာသည်။အတော်ငိုထားရ၍ဖြစ်မည်။မောင်နှင့်သူရဲ့ရေစက်က ဤမျှသာဟုထင်မိပါသည်။အကယ်၍သာ...အကယ်၍သာ ဆိုရင် အခြား စကြာဝဠာ မှာတော့ မောင်နှင့်သူ ခွဲရမှာမဟုတ်လောက်ပေ။
သူ့ရဲ့စိတ်ကျဉ်းကျပ်မှုတွေ၊ဝမ်းနည်းမှုတွေအား သူလွှတ်လိုက်တော့ပါသည်။မောင့်အားသူအရမ်းချစ်သည်။ဒီဘဝတော့ ဒီမျှသာလို့သူတွေးပြီး သူစိတ်လွတ်ရာ လုပ်လိုက်မိပြီ။
ထိုမြစ်ချောင်းလေးနံဘေးတွေလူသူမရှိတော့....ကားလေးတစ်စီးသာဖွင့်ရက်သားလေးကျန်ပါတော့သည်။
.........................................................................
Hii အားလုံးပဲအခုမှ စရေးကြည့်တာဆိုတော့ အမှားပါရင်ခွင့်လွှတ်ပါနော်။
By Sarah
YOU ARE READING
beside the river (one shot)
Short Storyကောင်လေးတစ်ယောက်။သူချစ်ရသောလူသားက အခြားလူနှင့်လက်ထပ်သွားခြင်း။