" ရှိုင်း ထတော့လေ"
ညနေဆောင်းနေပြီ မို့ ဖျားမည်စိုးသောကြောင့် နိုးရသေး၏။အိပ်ယာမှ မထချင်သည့်နှယ် အင်တင်တင် လုပ်နေသူအား စိတ်ရှည်လက်ရှည်နိူးနေသူက ကလေးအဖေနှင့် နင်လားငါလား။
" အွန်း ခဏလေးဘဲ အိပ်မှာပါ ခဏနေထမယ်"
"ထတော့လို့ ညနေဆောင်းနေပြီ ဖျားလိမ့်မယ်"
" အင်းလို့ ခဏလေးဘဲ"
" ထပါတော့ဆိုကွာ ငါအပြင်သွားမလို့"
ထိုသို့ပြောလိုက်တော့ ငေါက်ကနဲ ထထိုင်လာကာ မှေးကျဉ်းနေသေးသည့်မျက်လုံးအား အတင်းနင်းကန် ပြူးဖွင့်နေလေသည်။
" အပြင်လား ငါလဲလိုက်မယ်"
" လိုက်မယ်ဆို သန့်ရှင်းပြီးအ၀တ်အစားလဲလိုက်အုံး"
" အင်းစောင့်အုံးနော်"
"ဖြေးဖြေးသွား ငါစောင့်နေမယ်"
ကုတင်ပေါ်မှာ ယိုင်ထိုးကာ ပြေးဆင်းသွားသဖြင့် လဲမည်စိုးသောကြောင့် လှမ်းသတိပေးရသေး၏။တစ်ကယ်ကို ကမူးရူးထိုးလေး။
" Nik ဖြူ့ကိုရော မခေါ်တော့ဘူးလား"
" ဖြူလား အခန်းထဲမှာ မရှိဘူးထင်တယ် ဖုန်းခေါ်တာလည်းမကိုင်ဘူး တံခါးခေါက်တော့လည်း လာမဖွင့်ပေးဘူး"
သြော် မုသားတော့သုံးရပြီပေါ့။ နှစ်ယောက်တည်းသီးသန့် သွားချင်လို့ မခေါ်ခဲ့လိုက်ခြင်းဖြစ်သည်။သတိတရမေးတဲ့သူက ရှိနေတော့ မုသားနဲ့ ဖုံးရပြီပေါ့။
ကားပေါ်ရောက်ကတည်းက မလန်းမဆန်းနှင့် နောက်သို့မှီကာ မျက်လုံးတို့ကို မှိတ်ထားဆဲကြောင့် စိတ်ပူသဖြင့် လှမ်းမေးရသေး၏။
" ရှိုင်း နေမကောင်းဘူးလား"
" ကောင်းပါတယ် နည်းနည်းပင်ပန်းသွားလို့"
" ညစာအတွက် လေငွန် သွားကြမလား အဲ့ဆိုင် ၀က်စတူး နာမည်ကြီးတယ် "
" ၀က်စတူးလား မစားချင်ဘူး ကော်ဖီလေးဘာလေးသောက်လို့ရမယ့် နေရာရှာစမ်းပါ"
" အိုခေ ငါသိတဲ့ ဆိုင်ရှိတယ်"
Cafe’ May
မေ ကော်ဖီဆိုတဲ့တံဆိပ်နဲ့ ကိုယ်ပိုင်စိုက် ကိုယ်ပိုင်ထုတ်ပြီး ကော်ဖီဆိုင်လေးအနေနဲ့လည်းဖွင့်ထားတဲ့ ဒီဆိုင်လေးမှာ မေမြို့style ကော်ဖီကိုမလိုင်များများနဲ့ရသလို cappacunio တို့လို ကော်ဖီလည်းရတယ်။ ဆိုင်ကတော့ သေးသေးပဲ။ သူ့မှာယူဖတ်ဖို့စာအုပ်တွေလည်းရှိသည်မို့ ရှိုင်း အကြိုက်တွေ့မှာ အမှန်ပင်။
YOU ARE READING
နားခိုရာမှားတဲ့ လိပ်ပြာငယ်
Paranormalစာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ