လမင်းကြီး(crush ကို တင်စားခြင်း)က သိပ်လှတာပဲနော်... ဒါပေမဲ့သူမကို ကိုယ်ကဘယ်တော့မှမီအောင် ဖမ်းနိုင်မှာမဟုတ်ဘူးလေ.. သူမကကိုယ်နဲ့ အဝေးဆုံးတစ်နေရာမှာရှိနေတယ်...ကိုယ့်ကို မဖြစ်နိုင်တာကို မှန်းတယ်ပြောပြော ဘာပဲပြောပြော ကိုယ်အဲ့ဒီသူတွေရဲ့စကားကို မကြားနိုင်လောက်အောင် မင်းလေးကို စွဲလန်းမိနေပါပြီ...
ဟားဟ..လို့ ကိုယ့်ကိုယ်ကို ဟားတိုက်ချင်မိတယ်
ဘာလို့လဲဆို ကိုယ်ကမင်းကိုယ်တိုင်ကတောင် ကိုယ်ရှိမှန်း သတိမထားမိတာကို မင်းကို သိပ်တွယ်ကပ်မိနေလို့ပဲ...ကိုယ်မင်းနားရှိနေချိန်မှာရော မင်း ကိုယ့်ကို မြင်ရရဲ့လားလို့တောင် တွေးထင်မိတယ်...ကိုယ်ကမင်းအတွက်တော့ မင်းမမြင်နိုင်တဲ့ သူ တစ်ယောက်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ...သို့သော် မင်းကတော့ ဒီကမ္ဘာပေါ်မှာ ကိုယ့်ရဲ့နှလုံးသားလေးနဲ့ ပဲ မြင်ရတဲ့ တစ်ဦးတည်းသောသူပါ...ဘယ်လောက်များတဲ့လူအုပ်ထဲမှာဖြစ်ပါစေ.. ဘယ်လောက်ပင်ဝေးကွာနေပါစေ ကိုယ်မင်းကို တွေ့နေ မြင်နေရဆဲပါပဲ.. ဘာလို့ဆို မင်းရဲ့ အငွေ့အသက်လေးက ကိုယ့်နှလုံးသားရော ဦးနှောက်ထဲမှာ ပါ ကမ္ဗည်းထိုးထားသလို တည်ရှိနေပြီမို့လို့ပါ ...
မင်းကိုလေ ကိုယ်ချစ်တာထက်ကိုပိုတယ်သိလား...တစ်ခါမှဒီလိုခံစားချက်မျိုးတွေကို မခံစားရဖူးဘူး....ပြောရရင်မင်းနဲ့မှချစ်တတ်ပြီပေါ့...ကိုယ်မင်းကိုသိပ် မြတ်နိုးတယ် မင်းတော့သိမှာမဟုတ်ပါဘူး....မင်းဘေးနားနေပြီး မင်းကိုငေးကြည့်ရတာလေးကို အရမ်းသဘောကျတာပဲ...တစ်ခါတစ်လေမင်းရိပ်မိမှာကိုတောင်ကိုယ် ကြောက်မိတယ်..
မင်းကို ကိုယ်သိပ်ချစ်မိနေတာကို မင်းသိလို့မဖြစ်ဘူး...ကိုယ်တို့က သူငယ်ချင်းတွေလေ...အော်မဟုတ်ဘူး မင်းက ကိုယ့်ကို သူငယ်ချင်းလို့တောင် သတ်မှတ်ရဲ့လားမသိဘူး...မင်းလေးရေ ကိုယ်မင်းကို တွေ့ရတဲ့ အချိန်တွေကသိပ်နည်းလွန်းတယ်..တစ်ပတ်မှ တစ်ခါ လောက်ပဲ...အဲ့ဒါတောင် တနဂ်နွေနေ့မှ...ဟူးကိုယ်တစ်ပတ်လုံးကို ကျော်လို့ရရင်ကျော်ပြီး နေ့တိုင်းကို တနဂ်နွေနေ့ဖြစ်အောင် လုပ်လို့ရရင်ကောင်းမှာပဲ...