(သတိပေးတားမြစ်ချက်-သွေးထွက်သံယိုအခန်းများနှင့် လူသတ်ခန်းများပါဝင်သောကြောင့် နှလုံးရောဂါရှိသူများ သို့မဟုတ် ထိုကဲ့သို့အကြောင်းအရာများအားမကြိုက်လျှင် မဖတ်ရန်ပိုမိုသင့်လျော်ပါကြောင်းနဲ့ ဖတ်ရှုသူများကလည်း သတိနှင့်ဆင်ခြင်ဖတ်ရှုရန် သတိပေးအပ်ပါတယ်ဗျာ။
ဤအခန်းသည် စာရေးသူ၏စိတ်ကူးသက်သက်မျှသာဖြစ်၍ ပြင်ပလောကနှင့်လုံးလုံးမျှမသက်ဆိုင်ကြောင်းလည်း ပန်ကြားအပ်ပါတယ်ခင်ဗျာ)*****
စိုင်း ကားအားအရှိန်မြင့်တင်လိုက်ရင်း စက်လင်းလျှံပေးသောတည်နေရာသို့ မောင်းထွက်လာခဲ့သည်။
နှလုံးသားအောက်ခြေတစ်နေရာက ကြောက်ရွံမှုဟာ စိုင်း၏လက်များကိုပင်တုန်ရီစေပြီး သက်ပိုင်ဘာမှမဖြစ်ပါစေနဲ့ဟူ၍သာ အထပ်ထပ်အခါခါဆုတောင်းနေမိသည်။စိုင်း ဂိုဒေါင်အရှေ့၌ ကားအားကျွီကနဲထိုးရပ်လိုက်၍ ဂိုဒေါင်ဆီသို့ ပြေးသွားလိုက်မိသည်။
ဂိုဒေါင်တံခါးအားဆွဲဖွင့်လိုက်သည်နှင့် ပထမဆုံးတွေ့လိုက်ရသည့် မြင်ကွင်းဟာ စိုင်းအားနှလုံးရပ်သွားစေသည်အထိပြင်းထန်လှသည်။သူ၏သက်ပိုင်ဟာ ဗလာကျင်းနေသောဂိုဒေါင်ထဲ၌ လူသေတစ်ယောက်လိုမျိုး
သွေးအိုင်ထဲမှာ
လဲကျနေခဲ့သည်။"သက်ပိုင်!!"
စိုင်း သက်ပိုင်ဆီသို့ပြေးသွားလိုက်ရင်း သက်ပိုင်အား အနည်းငယ်လှုပ်၍ နိုးလိုက်သည်။
သက်ပိုင်နိုးမလာပါ။သက်ပိုင်၏အဖြူရောင်ဆွယ်တာလေးဟာ ဖုန်မှုန်များသွေးများဖြင့်ပွေပွနေပြီး မူရင်းအရောင်ပင်ပျောက်နေကာ ခေါင်း၌လည်း သွေးများကအဆက်မပြန်ယိုနေသေး၏။
စိုင်း၏လက်ချောင်းများက လုံးဝကိုတုန်ရီလာပြီး သက်ပိုင်အားအလျင်ဆွဲပွေ့လိုက်မိသည်။
သူ၏ရင်ခွင်ထဲရှိသက်ပိုင်ကိုလှုပ်နိုးနေပေမဲ့ သူ့အသက်ဟာအသံတချက်မျှပြန်မပေးခဲ့ပါ။သူနောက်ကျသွားတာများလား။
"သက်ပိုင်ထပါတော့ကွာ....လေးလေးငယ်ကိုထကြည့်ပါဦး"
"အသက် ငါရူးတော့မယ်လို့ ကျေးဇူးပြုပြီး!!!"
မျက်ရည်ပူများက ပါးပြင်ထက်သို့စီးဆင်းလာပြီး နှလုံးသားဟာဓားဖြင့်အထိုးခံရသည်ထက်နာကျင်နေ၏။
သက်ပိုင်ကိုဒီလိုမြင်ချင်ခဲ့တာမဟုတ်ဘူး
သူ့ပေါက်စက အခုလိုပုံစံမျိုးရှိနေရမှာမဟုတ်ဘူး။
YOU ARE READING
In Love With An Old Mafia(Complete)
Любовные романы****** Start Date-Mar.31.2023 End Date-Nov.17.2023 *****