နေသာတဲ့တစ်နေ့ ရန်ကုန်မှာပေါ့ အသက်၁၈နှစ်သာရှိသေးတဲ့ ဝေယံအား သူ့အမေမှ ဟဲ့သား အမေ မန္တလေး သွားမလို့ အမေမရှိတုန်း မင်းဦးလေးရဲ့သား ရဲနိုင်ကိုအဖော်ပြုခိုင်းထားတယ် အိမ်မှာလိမ်လိမ်မာမာနေနော်သားဟုပြောကာ ရန်ကုန်ကားဂိတ်သို့ထွက်လာလေသည်။
ရဲနိုင်နဲ့ဝေယံက အသက်၃သာကွာသည် ထို့ကြောင့်ရဲနိုင်အသက်သည်၂၁ရှိပြီဖြစ်သည် ရဲနိုင်ဆိုသည်မှာ ဝေယံရဲ့ဦးလေးရဲ့သားဆိုပေမဲ့ သွေးသားမတော်စပ်ပေ မွေးစားသားသာဖြစ်တယ် ရဲနိုင်နဲ့အဖော်ပြုရတာ ဝေယံမကြိုက်ပေ အကြောင်းမှာ ရဲနိုင်ရဲ့အကျင့်ဆိုးဖြစ်တဲ့ ဆေးလိပ်သောက်တတ်တဲ့အကျင့်ကြောင့်ဖြစ်ပါတယ်
တစ်နေ့ ရဲနိုင်က ဆေးလိပ်သောက်နေချိန် ဝေယံက ထပြောလိုက်သည်မှာ ကိုကြီးရဲနိုင်ရေ...ဆေးလိပ်မသောက်ဘဲမနေလို့မရဘူးလားဗျ ကျွန်တော်မကြိုက်လို့ပါဗျာ ကျေးဇူး ပြုပြီး ဆေးလိပ်ရှော့သောက်ပါလားဗျ
ရဲနိုင်က: ေသာက်မှာဘဲကွာ ငါ့ကိစ္စလာမဝင်ရှုပ်နဲ့
ကိုကြီးရဲနိုင် အဲလိုဆက်လုပ်နေရင် မေကြီးနဲ့ပြောတိုင်မှာနော်
ပြောပေါ့ကွာ ငါ့မကြောက်ဘူး ဟားဟားဟား
ရဲနိုင်က အသံအကျယ်ကြီးအော်ရီလိုက်တာပေါ့
ဝေယံမျက်နှာလေးရှုချ ပြီး အပြင်သို့ထွက်သွားလိုက်တော့တယ်
ထိုအခါ ရဲနိုင်သည် အနောက်ကပြေးလိုက်လာပြီးပြောလိုက်တော့တယ်
ခလေးရေ မင်းမကြိုက်ကိုယ်ရှော့သောက်ပါမယ်ကွာ
စိတ်တော့မဆိုးလိုက်ပါနဲ့
ဝေယံက: သဘော ဘဲ နောက်တစ်ခါအများကြီးသောက်တာတွေ့ကြည့် မေကြီးနဲ့ပြောတိုင်မှာနော်
အဲလိုနဲ့ ညနေစာစားချိန်ရောက်လာခဲ့တော့တယ်
ဝေယံက မေမွှေးရေ ဝက်သားပန်ကန်လေးယူပေးပါအုံး
မေမွှေးဆိုသည်မှာ အိမ်ဖော်မလေးဖြစ်ပါတယ်
မေမွှေးတို့မိသားစု ၃ယောက်သည် ဝေယံ၏အမေ ဒေါ်စိုးတင်အိမ်မှာအလုပ်လာလုပ်သည့် မိသားစုလေးဖြစ်ပါတယ်
မေမွှေးက: ဟုတ်ကဲ့ ပါအကိုလေး
ထိုအခါရဲနိုင်က မေမွှေးရေ ကြက်သားပန်ကန်လေးပေးအုံးကွာ
ရဲနိုင်နှင့် ဝေယံသည် ထမင်းအတူတူစားပြီးအိပ်ယာကိုယ်စီဝင်ခဲ့တော့သည်
သန်းခေါင်ယံ အချိန် ည၁၂နာရီမှာ ဝေယံနိုးလာပြီး အပေါ့စွန့်ပြီး သန့်စင်ခန်းသို့သွားတော့ရာ ရဲနိုင်နဲ့ ဝင်တိုက်မိပြီး ရဲနိုင်ကိုယ်ပေါ်ပက်လက်လန်လဲကျသွားတော့သည်
ထိုအခါ ရဲနိုင်က ဟိတ် ဝေယံ မင်းမမြင်ဘူးလာဟင်?
မင်းမျက်လုံးကန်းနေတာလားဟု ဒေါသတကြီးမေးတော့သည် ဝေယံက ကို...ကုိ... ကို ရဲနိုင် ခဗျားဘယ်သွားမလို့လဲဗျ ရဲနိုင်ကိုယ်ပေါ်ကနေ ရှက်သွေးဖြာပြီးမေးလေတော့သည် ရဲနိုင်က ဟိတ်ကောင် မင်းဘဲ ငါ့ကိုလာဝင်တိုက်တာလေကွာ ဖယ်ဖယ် ဟုပြောပြီး သူ့ကိုယ်ပေါ်ကနေ ဝေယံကိုဖယ်ထုတ်တော့သည်
ဝေယံက မတွေ့လို့ပေါ့ဗျ တွေ့ရင်တမင်ဝင်တိုက်စရာလားဗျ
ရဲနိုင်က တောက်စ် စိတ်တိုလိုက်တာကွာ ဟုပြောပြီးထွက်သွားတော့သည်