ကျွန်မအဖေပြောဖူးတယ်။
လူတွေက အစွန်းတစ်နေရာရောက်လာပြီဆိုရင် လျို့ဝှက်ချက်ကို ထုတ်ပြောတက်တယ်တဲ့"ကျွန်မယောက်ျားက သူ့သူဌေးမနဲ့ဖောက်ပြန်နေတယ်။ယောင်္ကျားလေးတွေက ဘယ်လိုတွေးနေကြတာလဲ"
အကျီအဖြူရောင်နဲ့အမျိုးသမီးဟာ ကလေးကိုပိုက်လျှက် သူ၏ အငှားကားလေးထဲတွင် ထိုစကားကိုပြောလာသည်။
သူမခေါင်းကိုညိတ်လိုက်သည်။
"အခုတော့ ကျွန်မအဖေပြောတာ မှန်တယ်နဲ့တူပါတယ်ရှင်"
...
"ကားဆရာ"
"ဘယ်ကိုသွားမှာလဲMr."
"အမလေးးး ကားဆရာ မဟုတ်တဲ့ ကားဆရာမလေးပဲ။လှလိုက်လေ"
"ဘယ်ကိုသွားမှာလဲMr."
"အရင်ဆုံး ကားကိုပဲမောင်းပါအုန်းဗျ။
ခင်ဗျားကို တစ်ခုပြမယ်""ဘာများလဲ?"
သူ့နားထင်ဆီသို့ ပစ္စတိုအမည်းရောင် တစ်လက်ချိန်ရွှယ်ထားသည်။ဒီလိုကိစ္စမျိုးတွေကိုသူမကြားဖူးသည်။အခုထိတော့မကြုံဖူးသေး။
"ဒါကအတုလား၊အစစ်လား မှန်းကြည့်!!"
သေနတ်နဲ့ချိန်ခံရတဲ့အခါဘာကိုစဉ်းစားမိ့ကြမှာလဲ?အဲ့အချိန်ကျွန်မစဉ်းစားမိ့တာက ကျွန်မမိသားစု။
(ကျွန်မအကြောင်းကိုမပြောခင် အရင်ဆုံးကျွန်မတို့မိသားစုအကြောင်းကိုအရင်ပြောကြတာပေါ့)
ကျွန်မအဖေကနေစမယ်။
ကျွန်မအဖေက ဆိုလ်းမှာ တက္ကစီအဖွဲ့ထောင်ထားတယ်။အသက်၂၀ကစပီး အခုထိ တက္ကစီမောင်းလာတာအနှစ်၃၀ရှိပြီ။
သူအခုပိုင်ရှင်ဆိုပေမဲ့ နေ့တိုင်းအချိန်မှန် တက္ကစီဆွဲတယ်ပွင့်ပွင့်လင်းလင်းပြောရရင်သူကားမဆွဲရင် ဘာအလုပ်လုပ့်ရမှာလဲ။
တနှစ်ကိုမီတာ၇သောင်းနဲ့တွက်ရင် ကျွန်မအဖေမောင်းလာတာ မီတာ၂သန်းလောက်ရှိပြီ။ပြောရရင်သူကလနဲ့ကမ္ဘာကြားဖြတ်နေတာတောင် ၅ခါလောက်ရှိပြီ။
YOU ARE READING
The Cabbie (jenlisa version)
Fanfictionတက္ကစီဒရိုင်ဘာလေးနဲ့ ယာဉ်ထိန်းရဲမေလေးရဲ့အချစ်