Unicode
__________(ပစ်ပယ်စွန့်ခဲ့ခြင်း ကွဲစတွေထဲကနေပွင့်လာခဲ့တဲ့ ပန်းတစ်ပွင့်ကို နေကြာလို့ခေါ်ပါတယ်)
In Silence,no one answers,But I still hear your voice.....
..........
In darkness. It's getting hard. Getting hard to stand.
If you hear me.If you see won't you come closer.
အိမ်ထဲဝင်ဝင်လာချင်းမှာပဲ၊အထဲမှာ ပျံ့လွင့်နေတဲ့ In Silence သီချင်းရဲ့ Lyrics တစ်ချို့ဟာ ကျွန်မအကြားအာရုံကိုလာရိုက်ခက်တယ်။အလှလေးကတော့ ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေး အိပ်ပျော်နေရှာတယ်။ညအိမ်မီးဆိုင်းလေးက အားတင်းပီးတွန်းလှန်ထားတာကြောင့် ပိန်းပိတ်အောင် မှောင်နေတာမျိုးမရှိပေမယ့်လို့ ၊ဧည့်ခန်းကတော့ မှောင်တော့မှောင်နေဆဲပင်။
ကြည့်ရတာ ဒီကောင်မလေးက ကျွန်မပြန်အလာကိုစောင့်နေရှာတာနဲ့တူပါတယ်။အရင်ရက်တွေတုန်ကလဲ ဧည့်ခန်းထဲမှာ အိပ်ပျော်နေတယ်။ကျွန်မလဲ ဒီသုံး၊လေးရက်ထဲ ဆေးခန်းချိန်တွေ၊လူနာတွေကြောင့် ညတော်တော်နောက်ကျမှ အိမ်ပြန်ရောက်တယ်။ ဖြစ်နိုင်ရင်တော့ သူမ မထွက်သွားခင်လေး၊အိမ်ကနေတစ်ဖဝါးမှ မခွာချင်ပေမယ့်၊အရင်ရက်တွေတုန်းက အများကြီးပျက်ကွက်ခဲ့တဲ့ အလုပ်ကြွေးတွေကိုဆပ်နေရတယ်။သူမ ကတော့ထင်မှာပဲ။ကျွန်မက သူမကို ဂရုမစိုက်ဘူးဆိုပြီး။ဒီအတွေးတွေကို လာထိကပါး၊ရိကပါး လာလုပ်တာကတော့ ကျွန်မအနီးနားမှာ မျောလွင့်လာတဲ့ စာသားတစ်ချို့ပါပဲ။
ကျွန်မ မခံစားနိုင်တော့လို့ ပိတ်ပစ်လိုက်ရပါတယ်။ အဲ့နောက်တော့ ချစ်ရတဲ့ရပ်ဝန်းကလေးရှိရာကို ခြေဖွဖွနင်းပီး အသာသွားတယ်။ အနားရောက်တော့ နိူးရင်ကောင်းမလား စဉ်းစားမိပေမယ့်၊ နောက်ဆုံးတော့ ဒီလိုအိပ်မောကျနေတဲ့ မျက်နှာကလေးကို ခဏတဖြုတ်ဖြစ်ဖြစ် ငြိမ်ငြိမ်သက်သက်လေး ငေးကြည့်ချင်လာတာကြောင့် ကျွန်မ သူမလဲအိပ်နေတဲ့ ဆိုဖာနားမှာပဲကပ်ပြီး၊ ကြမ်းပြင်ပေါိ အသာထိုင်ချလိုက်တယ်။
သူမ ဒီရက်ထဲ အဆင်ရောပြေရဲ့လား။မပြောပြပဲ ဘာတွေကိုများ ထိန်းချုပ်ထားသေးသလဲ။ နှာခေါင်းလုံးလုံးနဲ့၊ မျက်ခွံနားက မှဲ့သေးသေးလေးကို ငေးမောရင်း ကျွန်မအတွေးတွေ ယိုင်နေခဲ့တယ်။
YOU ARE READING
Sunflower 🌻
Short Storyနေကြာတွေက နေရှိတဲ့အရပ်ဆီမျက်နာမူတယ်လို့ လူတွေကပြောတယ်.... ကျွန်မရဲ့နေကြာပန်းကလေးကတော့ နေရှိတဲ့ရပ်ဝန်းလေးကိုကျောခိုင်းထားတယ် LALISA MANOBAN