EP // 7

780 105 9
                                    


Q. ဘယ်သူ့ကိုစာပို့ခဲ့တာပါလဲ?

Vernon : Ex ကိုပါ။

Hoshi : Mingyu ကိုပါ အရက်နာကျစွပ်ပြုတ်စွဲလမ်းသူလေးဖြစ်သွားလို့ နောက်လဲ လုပ်ကျွေးပါဦးဆိုပြီးပို့ဖြစ်ခဲ့တာပါ။

Mingyu : Shua ssi ကိုပါ ကျွန်တော့်ကို အများကြီးကူလုပ်ပေးခဲ့လို့ပါ။ တကယ်သဘောကောင်းတယ်လို့လဲ တွေးမိပြီး အစကတည်းကပို့ဖို့စဉ်းစားထားခဲ့လို့ပါ။

Jun : Mingyu ssi ကိုပို့လိုက်ပါ။

-

7:45 AM

"Jun naa သွားကြတော့မလား"

"အွန်း အရင်ထွက်နှင့် နောက်ကလိုက်လာမယ် ရတယ်မလား"

မနက်အစောစော 7နာရီတွင် Date လုပ်ဖို့ မသိမသာခိုးထွက်နေကြဖို့ စီစဉ်နေကြသည့် Jun နှင့် Wonwoo

-

Q. အသက် ထုတ်မပြောရသေးခင်အချိန်က ဘယ်လိုလုပ် ရွယ်တူလို့ပြောဖြစ်ကြတာများလဲ?

Wonwoo : အာ အဲ့တာအမှန်တော့ကျွန်တော့်အမှားပါ။ Jun နဲ့ ကျွန်တော် ကတစ်ခန်းထဲဆိုတော့ စစရောက်တုန်းက အထုတ်တွေချကြတုန်းက Jun က သူ့ရဲ့ မှတ်ပုံတင်ကဒ်ကို ကျသွားခဲ့တာပါ။ အဲ့တာကို ကောက်ပေးရင်း မထင်မှတ်ပဲသိမိသွားတာပေါ့ အဲ့တာနဲ့ ကိုယ်တစ်ယောက်တည်း သိရတာမတရားမှာဆိုးလို့ အသက်တူတူဆိုတဲ့အကြောင်းကို နှစ်ယောက်တည်း လျှို့ဝှက်ချက်အနေနဲ့ သိထားကြတာပါ Editor team က ဖြတ်ညှပ်ကပ်လိုက်ရင် ဘာအမှားမှ မပါအောင် သေချာလေးသရုပ်ဆောင်ထားကြတာမလို့ စိတ်မပူပါနဲ့။

*ကျေးဇူးတင်ပါတယ် Wonwoo ssi ကျွန်မတို့လည်း မသိအောင် ဖြတ်ညှပ်ကပ်ပေးထားပါတယ်* (editor teamမှ စာတန်းထိုးပေးထားသည့် စာ)

-

7နာရီ45မိနစ်တွင်တော့ Wonwoo နှင့် Jun တို့နှစ်ယောက်လုံး ကားပေါ်ရောက်နှင့်ပြီးသား ဖြစ်သည်။ ခဏအကြာတွင်တော့ ကားလေးတစ်စီးက တစ်လိမ့်ချင်းစီ အိမ်ကနေထွက်ခွာဖို့ ဖြည်းဖြည်းလိမ့်ပြီး သွားမည့်နေရာသို့မောင်းနှင်တော့သည်။

"ဘယ်နေရာသွားမှာလဲဟင်"

" ဟန်မြစ် "

" ဝိုး အဲ့တာဆို Wonwooရဲ့ Ex က ကိုရီးယားပဲထင်တယ်"

EX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း)Where stories live. Discover now