Arc 10 part 21

17 3 1
                                    

        ကျီးလန့်စာစားနေရတဲ့ နေ့တွေ ညတွေ။ ဒါကဘယ်လိုအခြေအနေလဲဆိုတာ ခန့်မှန်းကြည့်ဖို့မခက်ပေမယ့် ကမ္ဘာပျက်ကပ်ကို တကယ်ကြီး ကြုံတွေ့ရတဲ့အချိန်မှာ လူငယ်တွေလည်း မရယ်မောနိုင်ကြတော့ပါ။ သူတို့က မြို့ငယ်လေးအကြောင်းကို မသိခဲ့ဘူး။ ဒီလိုကမ္ဘာပျက်ကပ်က အချို့နေရာတွေမှာ လနှင့်ချီကြာနေခဲ့ပြီဆိုတာကိုလည်း နားမလည်ခဲ့ဘူး။

      လက်ရှိတွင် လူတိုင်းသည် ပုန်းအောင်းရမလားနှင့် ပိုအန္တရာယ်ကင်းတဲ့နေရာဆီရောက်ဖို့ စွန့်စားရမလားဆိုသည့် မေးခွန်းနှစ်ခုကြားတွင် ဝေခွဲလို့မရဖြစ်နေသည်။ ဒီလိုအချိန် ဒီကမ္ဘာပေါ်မှာ အန္တရာယ်ကင်းတဲ့ နေရာဆိုတာကရော တကယ်ပဲ ရှိသေးရဲ့လား။ နောက်ဆုံးဖုန်းဆက်လို့ရတုန်းကတော့ မိဘတွေကို ငိုယိုကာ သူတို့ကို လာခေါ်ဖို့ ပြောမိခဲ့ကြသည်။ အခုတော့ အကုန်လုံး တစ်နေရာထဲတွင် စုပြီး ပိတ်မိကုန်၏။

      သွေးရူးသွေးတန်းနှင့် ထွက်ပြေးလာသော လူငယ်အချို့သည် လမ်းမပေါ်တွင် ကျောချင်းကပ်ထားကြရင်း ပါလာသည့် လက်နက်များဖြင့် ဇွန်ဘီများကို ခုခံနေကြသည်။ လက်နက်ဆိုသော်လည်း ဘေ့စ်ဘောတုတ်လိုမျိုး ထိုင်ခုံခြေထောက်လိုမျိုး ပိုက်လုံးလိုမျိုးတွေသာ ဖြစ်သည်။ ဒါက သူတို့ ရှာထားသမျှတွေထဲမှာ အကောင်းဆုံး လက်နက်တွေပဲဖြစ်သည်။ ရှည်မြောမြောသဏ္ဍာန်ရှိတာကြောင့် ခပ်ဝဝေးကနေ လှမ်းရိုက်ချကာ ထွက်ပြေးလို့ရသည်။ ဓားလို သေနတ်လို လက်နက်မျိုး လာပေးရင်တောင် သူတို့က ငယ်ရွယ်ပြီး အတွေ့အကြုံနည်းတဲ့လူတွေဖြစ်တာမို့ ဇွန်ဘီတွေနှင့် လူတွေကို ခွဲခြားမြင်ကာ ရက်ရက်စက်စက် သတ်ဖြတ်တာမျိုး မလုပ်နိုင်ပေ။

      အချင်းချင်း အထောက်အကူပြုကာ အပြင်ထွက်လာချိန်တွင် ရည်ရွယ်ချက်မှာ အစားအစာရိက္ခာရှာဖွေရန်ဖြစ်သည်။ တက္ကသိုလ်အတွင်းမှာ ဗိုင်းရပ်စ်မကူးစက်သေးသော ကျောင်းသားတွေနှင့် အရပ်သားတွေလည်း အများကြီးရှိနေသည်။ ရှင်သန်ဖို့အတွက် မဲနှိုက်ကာ လူစုဖွဲ့လျက် အပြင်ထွက်ပြီး ရိက္ခာရှာဖွေရမည်။ ကျောင်းနှင့် အနီးအနားတစ်ဝိုက်တွင် စားသောက်ဆိုင်များ အမြောက်အများရှိတာကို ကျေးဇူးတင်ရမည်။ ကမ္ဘာပျက်ကပ်လှိုင်းက သူတို့ဆီကို ရိုက်ခတ်ခါစမို့ အရမ်းကြီး မဆိုးဝါးသေးပေ။

How to flirt with the final boss 2Место, где живут истории. Откройте их для себя