' ဟယ်လို....'
' ဟယ်လို အန်တီဂင်ဆူယောင်းလားဟင် '
နှစ်နှစ်ဆယ်ကျော်အကြာမှပြန်ကြားလိုက်ရသည့်ကိုယ့်နာမည်အရင်းကြောင့်ဂင်ဆူယောင်းတစ်ယောက်အံ့သြသွားမိသည်။
' တစ်ဖက်ကဘယ်သူလည်းမသိဘူး'
' အန်တီဂင်ဆူယောင်းကမာမီသူငယ်ချင်းမဟုတ်လားဟင် '
' သူငယ်ချင်း ဘယ်သူ့သူငယ်ချင်းလည်းအန်တီမှာသူငယ်ချင်းကမရှိ..'
' မာမီနာမည်ကလီဟယ်ဗြောပါအန်တီ '
ထိုနာမည်လေးကြောင့်ဂင်ဆူယောင်းတစ်ယောက်ပြောစရာစကားတွေရပ်တန့်သွားရသည်။
' ဟယ်ဗြောရဲ့သမီးဟုတ်လား သမီးလေးရှိတယ်ပေါ့ '
' ဟုတ်ပါတယ်အန်တီ မာမီကအန်တီအတွက်ဆိုပြီးထားထားတဲ့ပေးချင်တဲ့ပစ္စည်းလေးတွေရှိလို့အန်တီကိုပေးချင်လို့အပြင်မှာတွေ့လို့ရမလားဟင် '
' ဘယ်နေ့လည်းအန်တီလာခဲ့ပါ့မယ် အန်တီကိုလာရမယ့်နေရာပြောပါ '
' ဟုတ်အန်တီ လီဂန်နမ်ရပ်ကွက်ထိပ်ကကော်ဖီဆိုင်မှာဘဲစောင့်နေမှာမို့တစ်ပတ်ခါလောက်တွေ့လို့ရမလားအန်တီ '
' ရတယ်အန်တီလာခဲ့ပါမယ် '
' ဟုတ်ဒါဆိုတပတ်ခါနေ့လည်လောက်ကျတွေ့မယ့်နော်အန်တီ '
' ကောင်းပါပြီကွယ် '
ဟယ်ဗြောဆိုတဲ့လူတစ်ယောက်ဟာ ဆူယောင်းဘဝမှာအတော်လေးအရေးပါတဲ့လူတစ်ယောက်ပင် အချစ်ဆုံးသူငယ်ချင်း။
' လီလီ နင်နေခဲ့မလို့လား '
မနက်ဖြန်ဆိုအကုန်လုံးအမေရိကကိုပြန်ကြမှာပင် လီကတော့မာမီနောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ကျန်ခဲ့မှာပင်။
' ငါတပတ်ခါအစောဆုံးလေယာဥ်နဲ့လိုက်ခဲ့ပါမယ်ချယ်စိတ်မပူပါနဲ့ '
ညိုးငယ်နေတဲ့လီလီမျက်ဝန်းတွေ အားမရှိတဲ့အသံလေး အရာအားလုံးကိုလက်လျော့အရှုံးပေးလိုက်တဲ့လီလီဟာအဓိပ္ပာယ်မရှိတော့တဲ့ဘဝကြီးကိုဖြတ်သန်းနေသယောင်။