Ch 31

1.8K 179 0
                                    

Ch 31

ကျန်းဟွေ့က သူကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်ပြီး အေးစက်စွာ ငြင်းလိုက်သည်။ "ရပါတယ်။ မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။"

တခြားတစ်ဘက်က သူမရဲ့ အဓိကအချက်ကို ထိမိအောင် မလုပ်ခင်မှာ ကျန်းဟွေ့က သူ့ကို လေးလေးနက်နက် ပြန်ပြောဖို့ ဆန္ဒရှိပါတယ်။

ဒါပေမဲ့ သူက ပျက်ရယ်ပြုလာရင် ရိုင်းဆိုင်းတာကိုတော့ အပြစ်မတင်ပါနဲ့။

ဒီလူယုတ်မာတွေက တကယ့်ကို သူတို့ကို သူတို့ အထင်ကြီးကြတယ်ဆိုတာ သက်သေပြနေသည်။

တက်တူးထိုးတဲ့ လူက သူမကို ဆက်လက် တိုက်တွန်းပြီး ရိုင်းဆိုင်းစွာကြည့်ကာ "အလှလေး ငါနဲ့ သူငယ်ချင်း လုပ်ရအောင်။ ငါနာမည်က လုံကျွမ်းချန် လူတိုင်းက ချန်ကောလို့ ခေါ်ကြတယ်။ အလှလေး ငါကို ဘယ်လိုခေါ်မလဲ။"
(ချန်ကော=အစ်ကိုချန်)

"ထွက်သွား!"

ကျန်းဟွေ့က အေးစက်သော မျက်နှာဖြင့် မျက်လုံးကနေ အေးစက်တဲ့ အလင်းတန်းနှစ်ခု ထွက်လာပြီး လုံကျွမ်းချန်ရဲ့ ခေါင်းကို ထိုးဖောက်ကာ ချက်ချင်းပင် ထိတ်လန့်သွားစေသည်။

အပြင်မထွက်ရင် စားလိုကောင်းတဲ့အသီး မရှိဘူးဆိုတာ သူ့အလိုလိုသိနေသည်။
(Mean ကျားဂူထဲမသွားဘဲ ကျားဖမ်းလို့မရဘူးနဲ့ တူတူဘဲ)

အခု Yang Cheng မီးရထားဘူတာရုံနဲ့ အနီးတဝိုက်နယ်‌မြေကို တာဝန်ယူနေတဲ့ လုံကျွမ်းချန်ကို အထင်မသေးပါနဲ့ သူက အောက်ခြေကနေ တက်လာပြီး လူအများရှေ့တွင် ဘယ်လိုပြုမူရမလဲကို သိသည်။

ဒီအချိန်မှာ ကျန်းဟွေ့ရဲ့ မျက်နှာ မူမှန်တာကို မြင်တော့  နည်းနည်း စိတ်ဆိုးသွားပြီး "အလှလေး စိတ်မဆိုးပါနဲ့။ ငါက မင်းနဲ့ သူငယ်ချင်း ဖွဲ့ချင်တာပါ။ မကြိုက်ရင်ဘူးဆို ငါပြန်သွားပါမယ်။"

လုံကျွမ်းချန်က ပြောပြီးတာနဲ့ လှည့်ပြီး သူ့အရင် စားပွဲဝိုင်းဆီ ပြန်သွားသည်။

သူ့ညီငယ်တွေက ပြန်လာတာ မြင်တော့ ပြုံးပြုံးရွှင်ရွှင်နဲ့ "ချန်ကော ဒီအမျိုးသမီးက ဆက်ဆံရ ခက်တယ်မလား။ အဲ့အမျိုးသမီးကို ကြည့်ပါအုံး ဟားဟား..."

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now