ကော်ဖီဆိုင်မှာသုံးယောက်လုံးထိုင်ကာချယ်နဲ့တစ်ဖနီဟာဂျီဆူးလ်ကိုသာသေချာကြည့်နေလေသည်။
' ဟို အကူအညီတောင်းမယ်ဆိုတာက '
' လီလီကိစ္စပါ တစ်ဖနီတို့မနက်ဖြန်ကျရက်အမေရိကားကိုပြန်ကြတော့မှာတပတ်ခါမနက်ကျရင်အစောဆုံးလေယာဥ်နဲ့လီလီကအမေရိကားပြန်လိုက်မယ် ဒါပေမယ့် ဒီတစ်ခေါက်သွားရင်ရူဘီဂျိန်းဘာအဖြစ်မှန်မှမသိမှာဆိုးလို့တစ်ဖနီတို့ကပြောပြမလို့ပါ '
' ခနလေးပါ အဖြစ်မှန်ဟုတ်လားအဖြစ်မှန်ဆိုတာဘာလည်းဟင် ဘာကိုပြောတာလည်း ဆူးလ်သိပ်နားမလည်လို့ပါ '
' လွန်ခဲ့တဲ့ကိုးနှစ်ကလီလီ ရူဘီဂျိန်းကိုထားခဲ့တဲ့လုပ်ရပ်ရဲ့အကြောင်းပြချက်ကအခုရူဘီဂျိန်းထင်နေသလိုလီလီကသူ့ကိုမချစ်လို့ပစ်ထားခဲ့တာမဟုတ်ပါဘူး '
' ဘယ်လို...ဒါဆိုဘာကြောင့်လည်း '
ဂျီဆူးလ်မှာထိုစကကြောင့်အနည်းငယ်စိတ်လှုပ်ရှားသွားဟန်။
' ဒါကြောင့်ပြောတာလီဆာမချစ်ဘူးဆိုတာမဖြစ်နိုင်ဘူးဆိုတာ ချယ်တို့သေချာပြောပြပေးပါ ဒါမှဆူးလ်ကအကြောင်းအရာတွေကိုဂျိန်းကိုပြောပြပေးနိုင်မှာ '
' လီကရူဘီဂျိန်းကိုချစ်လွန်းလို့လက်လွှတ်လိုက်တာပါ '
ဆူးလ်တစ်ယောက် တစ်ဖနီနဲ့ချယ်ပြောတဲ့အကြောင်းအရာတွေကိုနားထောင်ကာလီဆာ့အပေါ်သနားစိတ်ဝင်မိသည် လီဆာဟာဂျိန်းကိုထိုမျှလောက်ချစ်လေသလား။' ဆူးလ်တစ်ဖနီတို့အကူအညီတောင်းပါတယ် ရူဘီဂျိန်းကိုအဆက်အသွယ်ရရင်ဒီအကြောင်းသေချာပေါက်ပြောပေးပါ တကယ်လို့သူကဒီအကြောင်းတွေသိတာတောင်လီလီကိုမချစ်တော့ဘူးဆိုလည်းလက်ခံပါတယ် '
' ဒါနဲ့ဘာလို့အခုမှဒါတွေပြောပြတာလည်းဟင် '
' လီလီ့ကိုဝမ်းနည်းမှုတွေထမ်းပိုးမထားစေချင်လို့ တကယ်လို့ရူဘီဂျိန်းသာလီလီကိုမချစ်တော့တာသေချာရင်ချယ်ကအခုလိုလီလီနာကျင်နေတာကိုခွင့်ပြုမှာမဟုတ်တော့လို့ပါ '
' ဘာလို့.....'
' အမေရိကားကိုပြန်တာနဲ့လီလီကချယ်နဲ့လူကြီးချင်းသဘောတူထားတာကိုလက်ခံတော့မှာ လီလီအဖေကရူဘီဂျိန်းနဲ့ပက်သပ်ပြီးနောင်တမရစေဖို့သူ့ကိုကိုရီးယားလွှတ်လိုက်တာ ရူဘီဂျိန်းနဲ့မဟုတ်ရင်ချယ်နဲ့လက်ထပ်ဖို့ရွေးချယ်ခိုင်းထားတာ အခုရူဘီဂျိန်းကစေ့စပ်သွားတာမို့လီလီကလက်လျော့သွားပြီ ဆိုလိုတာကအမေရိကားကိုပြန်ပြီးချယ်ကိုလက်ထပ်ဖို့ဘဲ '