' အထုတ်တွေပြင်နေတာစုံပြီလားဂျိန်း ညနေကျကလာမှ မနက်ဖြန်မနက်လောက်တော့ငါတို့ပြန်ရောက်လောက်မယ် '
' ပြန်ရောက်မှရမယ် ဖုန်းကလည်းစက်ပိတ်သွားပြီဆေးရုံကိစ္စတွေကလည်းကျန်သေးတယ် '
' အင်းပါ ဒါနဲ့ဒီခရီးပျော်ဖို့ကောင်းတယ်မလား နင်ငါနဲ့အတူကိုရီးယားမှာသွားရတာဒါနောက်ဆုံးဘဲနော် ငါဒီတစ်ခေါက်ပြန်ပြီရင်ဘယ်တော့မှကိုရီးယားမှာခြေမချတော့ဘူး '
' အင်းအဲ့တာကြောင့်ဘဲငါတို့ဒီခရီးကိုထွက်လာတာဘဲကိုကဲနင်အထုပ်တွေသိမ်းတော့ '
' အင်း ဂျိန်း '
ဂျိန်းတို့ညနေဘက်မှာကားစီးကာတောင်ပေါ်ကနေပြန်ဆင်းပြီးအိမ်ပြန်ခဲ့ကြသည်...မနက်မိုးလင်းခါနီးမှာဂျိန်ူကပေါ်မှာနိုးခဲ့သည် ကားတထောက်နားပြီးတဲ့ဂျယ်ယောင်းဟာကားဆက်မောင်းနေခဲ့သည်။
' နိုးပြီလားဂျိန်း '
' အင်း နင်ရောနိုးတာကြာပြီလား '
' ငါသိပ်အိပ်မပျော်လို့နိုးနိုးချင်းကားမောင်းလာတာ '
' အော် '
' စောနကနင့်ဖုန်းပြန်ပွင့်လာတယ် ဂျီဆူးလ်နင့်ကိုဖုန်းတွေအများကြီးခေါ်ထားတယ်ငါ့ကိုရောဘဲ ဘာအရေးကြီးကိစ္စရှိလို့လည်းမသိဘူး '
' ထူးထူးဆန်းဆန်းသူကအဲ့လိုဆက်တက်တဲ့လူမှမဟုတ်တာဘာဖြစ်လို့ပါလိမ့် '
မနက်၇နာရီလောက်မှာဂျိန်းတို့ဆိုးလ်ကိုပြန်ရောက်ခဲ့သည် ထိုအချိန်မှာပင်။
တီ....တီ....တီ...
' ဟယ်လို '
' ဂျိန်း နင်နောက်ဆုံးတော့ဖုန်းကိုင်ပြီ နင်အခုချက်ချင်းငါ့ဆီအမြန်လာခဲ့အရေးတကြီးပြောစရာရှိတယ် '
' ဘာမို့လို့လည်း '
' အမြန်လာပါဆို '
' အေးအေးငါလာပြီ '
ထိုအချိန်မှာဘဲဂျိန်းကိုလွန်ခဲ့တဲ့ရက်တွေကမာနိုဘန်ပို့ထားတဲ့စာတွေတွေ့လိုက်ရသည် သူဒီနေ့အမေရိကားပြန်မတဲ့လေ အစုတ်ပလုတ်ကောင် စကားမတည်ဘူးအမြဲလက်လျော့လွယ်တယ်။