Uni
"ဦး..ကျွန်တော့်ကိုလာကြိုတာလား.."
"အင်း..ဦးညိုမအားလို့.."
"ဟုတ်..ဦး..."
လင်းညို့က သူ့ရဲ့ ဦးလာကြိုတာကြောင့် ပြုံးဖြီးနေတော့သည်။ လမ်းတစ်လျှောက်လုံး ဦးကိုပဲ့ ခိုးခိုးကြည့်လာကာ အိမ်ရောက်တာတောင်မသိလိုက်ပေ။
"အိမ်ရောက်ပြီ.."
"ဟုတ်..ဦး.."
ဦးကိုပဲ့ခိုးကြည့်နေတဲ့ လင်းညို့အသိပြန်ဝင်လာကာ ကားပေါ်မှ အမြန်ပြေးဆင်းသွားလိုက်သည်။
"ဘယ်လိုကောင်လေးလဲ.."
ဦးခန့်မောင်က သူ့ မယားပါတူကိုကြည့်ကာ ရေရွတ်လိုက်သည်။
....
"ဟူး...ငါရူးသွားပြီထင်တယ်.."
လင်းညို့က ကုတင်ပေါ်တက်ကာ ရှက်စိတ်ဖြင့် စောင်ထဲတိုးဝင်လိုက်သည်။
ဦးခန့်မောင်က လင်းညို့ရဲ့ crush ကြီးဖြစ်သည်။ အခုတော့ ဦးလေးဖြစ်နေ လေပြီ..
လင်းညို့ရဲ့အဒေါ်က ဦးခန့်မောင်ရဲ့အတွင်းရေးမှူးဖြစ်သည်။ လင်းညို့ သူ့အဒေါ်ဆီ ထမင်းချိုင့်လာပို့ရင်း ထိုလူကြီးနဲ့ဆုံခဲ့တာဖြစ်သည်။ ထိုအချိန်ကတည်းက သူစွဲလန်းသွားကာ နေ့တိုင်းစားမဝင်အိပ်မပျော်ဖြစ်နေတော့သည်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ့ အဒေါ်နဲ့ ဦးခန့်မောင်က လင်မယားတွေဖြစ်သွားသည်။ အဲဒါကိုသိတဲ့အချိန် သူတော်တော်ခံစားခဲ့ရကာ ပထမဆုံးအသဲကွဲခြင်းလဲဖြစ်ခဲ့ရသည်။
ဦးခန့်မောင်က သူတို့တူရီးကို စကားမပြောသလောက်ပင်။ အဒေါ်နဲ့လည်းအခန်းခွဲအိပ်သည်။ အဒေါ့်ကိုဘာဖြစ်လို့လဲလို့မေးပေမဲ့လည်းပြန်မဖြေပါပေ။ ထိုကြောင့်သူ့ခံစားချက်တွေက ပျောက်ကွယ်မသွားပဲ ပိုပိုပြီးသာတိုးလာတော့သည်။
......
ခလွမ်း!!
လင်းညို့စာလုပ်နေစဉ်အသံကျယ်ကြီးကြားလိုက်ရတာကြောင့် အပြင်ထွက်ကြည့်လိုက်သည်။
"မင်းလိုအရှက်မရှိတဲ့မိန်းမကများ သွားစမ်း!!"
"ဆရာ..ကျွန်မ..ကျွန်မတောင်း.."