part 1

4.4K 56 4
                                    

ပြင်းရှရှအနမ်း ( or )ဦးချစ်ရသော

အပိုင်း-၁

မိုးတွေသဲသဲမဲမဲရွာနေခိုက်
ငိုသံတွေပလုံးဗထွေးနဲ့ငိုရိူက်ကာ
လူန်‌ေယာက်လက်ထဲမှာရုန်းနေတဲ့သူမကိုကြည့်ကာ
စည်းပြုံးရင်း ဆေးလိပ်ဖွာလိုက်သည်....

"မေလဝန်း မင်းကြည့်ထား
မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ကောင်ကို
ငါသတ်ပြမယ်"

"မလုပ်ပါနဲ့ တောင်းပန်ပါတယ် လွတ်ပေးပါ"

"မင်းကိုငါ အကြိမ်ကြိမ်သတိပေးခဲ့တာဘဲ
မင်း ငါ့စကားနားထောင်သင့်တယ်မလား"

"တောင်းပန်ပါတယ်
ဦးမဟာစည်းရယ် လွတ်ပေးပါ"

"မင်းအဲ့ကောင်ကိုသိတ်ချစ်တယ်မလား"

"မလုပ်ပါနဲ့...ဟင့် တောင်းပန်ပါတယ်"

စည်း သူ့ရှေ့ကကြိုးတုတ်ထားတဲ့ကောင်လေးရဲ့
ပေါင်တည့်တည့်ကိုဓားနဲ့ထိုးစိုက်လ်ုက်တော့
အော်သံစူးစူးထွက်လာသည်နှင့် မိုးချုန်းသံကလည်း
ကျယ်လောင်စွာ....

"မလုပ်နဲ့"

"မင်းသဘောတူလား"

"မလုပ်ပါနဲ့ လွတ်ပေးပါ....ဟင့်"

"ငါလိုချင်တာမရမချင်း မင်းလည်းမင်းမလိုချင်တာဘဲ
ရနေလိမ့်‌မယ်"

"ကျွန်မ...."

"မင်းမပြောနိုင်ဘူးမလား"

"မေ...အဲ့လူကို...လက်မထပ်ရဘူး...
လက်မထပ်ရဘူးနော်...သေသွားပါစေ
အဲ့လူနဲ့လက်မထပ်ရဘူး"

"ဟွန့်..."

စည်းဆေးလိပ်ကိုဖွာကာ ဓားကကောင်လေးရဲ့
နှလုံးသားတည့်တည့်ချိန်ထားကာ

"မင်းအတွက်အချိန်မရှိဘူး မေလဝန်း"

မေလဝန်း ဦးမဟာစည်းကိုတလည့်
သိတ်ချစ်ရတဲ့ချစ်သူကိုတလည့်ကြည့်နေရင်း
မျက်လုံးအစုံကိုမိတ်ချလိုက်ကာ
အသက်ပြင်းပြင်းရူကာ ပါးပြင်ကမျက်ရည်အစပြုလျက်

"ကျွန်မ....သဘောတူတယ်
ရှင်နဲ့..လက်ထပ်မယ်"

"Ok"

"မေ...ဘာလိုဒီလူနဲ့လက်ထပ်မှာလည်း"

မေခေါင်းကိုရမ်းခါကာ
တောင်းပန်စကာဆိုလိုက်သည်။

ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသောWhere stories live. Discover now