ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသော
အပိုင်း -၃
မေ အိပ်ယာထဲ အိပ်မောကျနေတုန်း စည်းရောက်လာသည်
စည်း ကုတင်ပေါတင်လွဲထိုင်ကာ မေမျက်နှာလေးကိုကြည့်လျက် နှဖူးပေါ စည်းဖွဖွလေးနမ်းလိုက်သည်။နွေးခနဲဖြစ်သွားတဲ့ နှာဖူးလေးကြောင့် မေမျက်လုံးများ
ပွင့်လာရသည်။မျက်လုံးဖွင့်ဖွင့်ခြင်း စည်းကိုမြင်လိုက်
ရသည်မို့ မေ လန့်သွားရသည်။"ရှင် ဘယ်လိုလုပ် အခန်းထဲရောက်နေတာလည်း
ခုထွက်သွား""မသွားရင်ရော"
စည်းမထိတထိသူမကိုစကားစလိုက်တော့ မေခမျာ
နူတ်ခမ်းလေးကိုက်ကာ မျက်စောင်းလေးချည်လိုက်သည်။"မင်းကို ပြောစရာရှိလို့လာတာ
မင်း....မင်းမိသားစုနဲ့တွေ့ချင်လား????""ဟင်...."
မေ ငေးငေးလေးဖြစ်သွားကာ ယုံရပါ့မလား
မေမိသားစုကိုသတ်လိုက်ရင်ရော၊မေမယုံရဲဖြစ်နေသည်
မေမျက်လုံးလေးတွေက ဟိုဒီပြေးရင်း
အဖြေရှာနေသည်။
စည်းသိသည်၊သူမသူ့ကိုမယုံရဲဘူးဆိုတာ
သူမပုံစံကအတိုင်းသား...."မတွေ့ချင်လည်း မင်းသဘောဘဲ"
"မဟုတ်ပါဘူး...."
မေမေ မြန်မြန်လေးတားလိုက်မိသည်
စည်းမျက်ခုံးကြီးတွန့်ကာ မေကိုစိုက်ကြည့်လိုက်တော့
သူမကြောက်နေတာ သိသာသည်။"မင်းမိသားစုကို ငါဘာမှမလုပ်ပါဘူး
အဓိကက မင်းလိမ်မာဖို့ဘဲလိုတယ်
မဟုတ်ရင်တော့ ငါအဆိုးမဆိုးနဲ့...""မေ..မေ နားထောင်ပါ့မယ်"
"ကောင်းပီ ဒီနေ့ဘဲ မင်းမိသားစုဆီပို့ပေးမယ်
ခနဘဲနော် မဟုတ်ရင်တော့ တသက်လုံးမတွေ့ရဘဲ
ဖြစ်သွားလိမ့်မယ်""အင်း "
"အဝတ်စားလဲပီးဆင်းခဲ့"
"မေ ....မေမှာက...."
စကားပင်ပြောလို့မဆုံးသေး စည်းကထွက်သွားပီ
မေ သက်ပြင်းလေးချ
'ဟူးးးးးဘယ်လိုလူလဲ အဝတ်စားမှမရှိတာ'
မေ သက်ပြင်းလေးချကာ ကုတင်မှဆင်းဖို့ ရွယ်လိုက်စဉ်
မိစုက အထုပ်တွေနဲ့အခန်းထဲဝင်လာသည်။
YOU ARE READING
ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသော
Romantizmအချစ်ကြမ်းတဲ့လူကြီး "မဟာစည်း" ကောင်မလေးကို ချစ်လွန်းလို့ အတင်းလက်ထပ်ယူခဲ့တဲ့ အချစ်ကြမ်းသူကြီး အငြိုးကြီးကြီး ကောင်မလေး "မေလဝန်း" ချစ်သူရဲ့ သေဆုံးမူအတွက် အငြိုးအတေးတွေကြားက အချစ်ကြမ်းကြမ်း အနမ်းကြမ်းကြမ်း ဝတ္တုလေး...