ရေခဲမုန့်စားပြီးတော့ ချယ်ဟာလီ့ကိုအိမ်ပြန်လိုက်ပို့သည်။
' လီလီ ချစ်တယ် သေချာနေနော် '
' ဘယ်လို '
' ဒီတိုင်းလီလီကိုပျော်စေချင်တာသိတယ်မလားချယ့်ကိုနားလည်ပေးနော် ချယ်ချစ်တာကိုသိတယ်မလား '
.'ငါသိတယ်ချယ်ငါတောင်းပန်ပါတယ်နော် '
' အရမ်းချစ်ဖို့ကောင်းတာဘဲ '
ချယ် လီလီနှုတ်ခမ်းကိုသိမ်းပိုက်ကာ လွှတ်ပေးပြီးနောက်အိမ်ပြန်လာခဲ့သည်။
ချယ့်ကားလေးမောင်းထွက်သွားတော့ခြံထဲဝင်မယ်အလုပ်။
' မာနို.....'
ရင်းနှီးနေတဲ့အသံကြောင့်လီခြေလှမ်းတွေရပ်တန့်သွားခဲ့သည် ရူဘီပင်ဒါရူဘီအသံမကြားရတာကြာပြီဖြစ်တဲ့မာနိုဆိုတဲ့နာမ်စားကြောင့်လီ့အတော်လေးစိတ်လှုပ်ရှားရသည်။
' ရူဘီ '
ရူဘီဟာလီ့ကိုပြုံးပြနေသည် စေ့စပ်ပွဲတုန်းကတွေ့ခဲ့တဲ့အပြုံးဆိုတာထက် လွန်ခဲ့တဲ့ကိုးနှစ်ကအမြဲပြုံးပြနေကြအပြုံးလေး။
' ဘယ်လိုရောက်လာတာလည်းရူဘီ'
' ငါ့ကားထဲဝင်ပြီးခနလောက်စကားပြောရအောင်လား မာနိုဘန် ရမလားဟင်'
' အာ ရပါတယ် '
လီ ရူဘီကားပေါ်တက်တော့ ရူဘီဟာလီ့ကိုအအေးဗူးလေးပေးလာသည်။
' သောက်လိုက်ပါအုံးမာနိုနင်အကြိုက်ဆုံးအအေးမလား '
လီမယုံနိုင်ပေ ရူဘီဟာလီ့အပေါ်အရမ်းကောင်းနေသည်။
' သောက်လေလီလီ ငါ့စေတနာကိုအသိအမှတ်မပြုတော့ဘူးလား '
' အာအဲ့လိုမဟုတ် '
' ဒါဆိုသောက်လေ....'
' အင်းအင်း ငါသောက်မယ် '
လီ ရူဘီကျေနပ်သွားအောင်ထိုအအေးဗူးကိုကုန်အောင်သောက်လိုက်တော့ရူဘီဟာသိပ်ကိုကျေနပ်နေဟန်။
' ရူဘီနင်ဒီကိုဘယ်လိုရောက်လာတာလည်း '
' ငါလား ငါ့ဘဝအတွက်အရေးကြီးတဲ့အလုပ်တစ်ခုလုပ်စရာရှိလို့ '