အပိုင်း 32

537 40 8
                                    

အပိုင်း 32

အိမ်ကနေထွက်လာကတည်းက နန်းနန်းကားပေါ်တွင်အိပ်ပြီးလိုက်လာသည်။တီတီနှင်းနဲ့မေမေကတော့ စကားတွေပြောနေကြသည်။
နောက်ဆုံးတွင်ကားလေးသည် မန္တလေးပညာရေးကောလိပ်ဆိုသည့်ဆိုင်းဘုတ်အနားကိုရောက်လို့လာလေပြီ။

.
.

ပညာရေးကောလိပ်ရောက်ရောက်ချင်း နန်းနန်း မေလေးဆီကိုဖုန်းဆက်လိုက်သည်။

Ring...Ring...

"Helloနန်းနန်း"

"မေလေး နန်း ကောလိပ်ထဲရောက်နေပြီ...သဇင်ဆောင်ရှေ့မှာ"

"အာ မေလေးလာပြီ"

မေလေး ဖုန်းကိုယူပြီးအဆောင်ပေါ်ကနေ အောက်ကိုဆင်းလာလေသည်။နန်းနန်းနဲ့တွေ့ရတော့မှာမို့ သူပျော်နေသည်။

အဆောင်ရဲ့အောက်ကိုရောက်ရောက်ချင်း နန်းနန်းကိုသူပြေးဖက်လေသည်။ အဆောင်ရှေ့မှာဂျူတီစောင့်နေသောဆရာမက သူ့ကိုကြည့်နေတာမေလေးသိပုံမပေါ်။

"နန်းနန်း!!"

"မေလေး...မနေ့ကအဆင်ပြေလား လူတွေ့စစ်တာ"

"ပြေတယ်နန်းနန်း...ဒါနဲ့ နင် အောက်အင်္ကျီကိုအနက်ကြီးဝတ်ထားတာမလား...အဖြူလဲရမယ် အနက်ဝတ်လို့မရဘူး...ပြီးတော့ နင့်ဖိနပ်ကိုရောလဲသွားဦး...အဖြူအပါးပဲစီးရမယ်တဲ့"

နန်းနန်း ဒီစည်းကမ်းတင်းကြပ်သောကောလိပ်ကို ကိုကောင်းမွန်မြတ်ကိုအရွဲ့တိုက်ချင်စိတ်နဲ့သာရွေးလိုက်တာဖြစ်သည်။ သူရှေ့လျောက် ကောလိပ်ရဲ့စည်းကမ်းတွေနဲ့နှစ်ပါးသွားရဦးမည်။

.
.
.

ကိုယ်ကာယစစ်နေသည့် ဆရာမက နန်းနန်းရဲ့နာမည်ကိုခေါ်လေသည်။

"နန်းသဇင်မြင့်"

နန်းနန်း နာမည်ခေါ်လိုက်သည်နှင့် အောင်ဆန်းခန်းမထဲမှာရှိသောလူတွေရဲ့မျက်လုံးအစုံက နန်းနန်းဆီကိုရောက်လို့လာကြသည်။

"အဲ့တာ ဆေးမှတ်မှီတဲ့ကောင်မလေးမလား....အဲ့ကောင်မလေးကဆေးကျောင်းမတက်ဘဲ ဘာလို့ကောလိပ်လာတက်ရတာလဲ"

လူတွေရဲ့အသံတွေကို နန်းနန်းကြားရသည်။သူ့အားထူးဆန်းသည့်လူလိုကြည့်နေကြသည်။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Unde poveștirile trăiesc. Descoperă acum