"ခင်....ဒီနေ့ ဘာစားမလဲ"
"ခင် ဝက်ဝံလေးကို တောင်းဆိုချင်တာရှိတယ်ကွယ်"
မနက်စာ စာပွဲဝိုင်းမှာ ခင်နဲ့ မောင် မျက်နှာချင်းဆိုင်ထိုင်းနေရင်း ခင်ကပြောတော့ မောင်က သောက်လက်စ ကော်ဖီခွက်ကို ချပြီး
"ပြောလေ ခင်...
ခင်ပြောတာဆို မောင်က အကုန်လိုက်နာမှာ""တကယ်လားမောင်"
"ဟုတ်"
ကလေးလေးတစ်ယောက်လို ပြုံးပြ ခေါင်းညိမ့်ပြတဲ့ မောင်ဟာ ခင့်စိတ်ကို သူ့နည်းနဲ့သူ ဆွဲဆောင်နိုင်ပါတယ်။
ခင်က လက်ထဲက စက္ကူဘူးလေးကို မောင့်ကိုပေးလိုက်ပြီး
"ဒါကိုသာ မောင်လက်ခံမယ်ဆို တို့ပျော်မိမှာ "
"ဒါကဘာလဲခင်"
"ဖွင့်ကြည့်လိုက်လေမောင်"
မောင် ဘူးကို ဖွင့်လိုက်တော့ မိုးပြာရောင် မြန်မာဝမ်းဆက်တစ်စုံ နဲ့ ကတ္တီပါ အပါးတစ်ရံ ။
"ဒါတွေက"
မောင်က အံ့သြသလိုအကြည့်မျိုးနဲ့ ခင့်ကိုကြည့်တော့ ခင်က မောင့်နားသွားကာ မောင့်ဆံပင်လေးတွေကို ဖွဖွထိပေးပြီး
"တို့က မောင့်ကို ဝတ်စေချင်တယ်ကွယ် မောင်ဝတ်မယ်မလားဟင်"
"ခင်ပြောသမျှကို မောင်မငြင်းနိုင်ပါဘူးခင်ရယ်"
ခင့်ရဲ့ခါးလေးကို ဖတ်ကာ ဗိုက်ထက် မျက်နှာအပ်လိုက်ပြီး တိုးဖွစွာပဲ ပြောတယ်။ခင်ကလည်း ကျောလေးကို အသာပုတ်ပေးပြီး
"အဲ့သလောက်တောင် ချစ်လားမောင်"
ခင်မေးတော့ ခင့်ကို မော့ကြည့်ပြီး
"ခင်"
မောင်ခေါ်တော့ခင်ဟာ ပြောဆိုသောသဘောဖြင့် မေးဆက်ပြတယ်။မောင်လည်း သက်ပြင်းဖွဖွချပြီး
"ခင့်ကို မောင်အရမ်းချစ်တယ်"
"ခင်သိပါတယ်မောင် ခင်သိပါတယ်"
မောင့်ရဲ့ဆံပင်လေးတွေကို ဖွဖွသတ်ပေးနေတဲ့ ခင်ဟာ ဆံပင်လေးတွေကိုပဲ ကြည့်ပြီး လေးလံစွာပြောတယ်။
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic)
No Ficciónအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။