EXIT

857 92 7
                                    

အသက်၅နှစ် အမေရဲ့မျက်နှာကို သေချာ မှတ်မိနေတဲ့အရွယ်မှာပဲ ကျွန်တော် စွန့်ပစ်ခြင်းကို ခံခဲ့ရတယ် ဖာသာပြောတာတော့ ကျွန်တော် ဒီကိုရောက်ရောက်လာချင်းတုန်းက အမေ့လက်ကို ဆွဲပြီး ပြုံးရယ်နေခဲ့တာတဲ့

အဲ့နေ့က ကျွန်တော့်လက်ကို အမေလွှတ်ခဲ့တည်းက ကျွန်တော့်ကမ္ဘာဟာ အရောင်တွေ ကင်းမဲ့လာတယ် နေရောင်ခြည်ကို လှတယ်လို့ မတွေးမိတော့သလို  နွေးထွေးတယ်လို့လဲ မထင်တော့ဖူး လူတွေနားမှာ နေရတာ ကြိုက်ခဲ့တဲ့ ကျွန်တော့်အတွက် စာအုပ်တစ်အုပ်နဲ့ ခဲတံလေးတွေကပဲ အဖော်ဖြစ်လာပေးခဲ့တယ်

အားတဲ့အချိန်တိုင်း မိဘမဲ့ကျောင်းဝန်းထဲက သစ်ပင်ကြီးအောက်မှာ ပုံထိုင်ဆွဲတတ်တယ် တခြားကလေးတွေလို ရောင်စုံမပါဘဲ ကျွန်တော့်ပုံတွေက ခဲရောင်သန်းတယ် ကျွန်တော့ပုံဆွဲ စာအုပ်ထဲမယ် အဖြူနဲ့ အနက်ပဲ ရှိတယ် အဖြူက စာရွက်သားဖြစ်ပြီး အနက်ကတော့ ကျွန်တော်ဆွဲမိသမျှ အရာဝတ္ထုတိုင်းပေါ့

ကျွန်တော်က အရယ်အပြုံးကင်းမဲ့တယ်လို့ လူတိုင်းကပြောကြတယ် ကျွန်တော့်ရင်ထဲမှာ ကလေးတစ်ယောက်က ငိုနေမှတော့ ကျွန်တော်ဘယ်ပြုံးနိုင်ပါ့မလဲ

ဒီတစ်သက် ငိုနေတဲ့ ကလေးလေးရဲ့ လက်ကလေးကို ပြန်ဆွဲကိုင်ပြီး ခေါ်ထုတ်ပေးနိုင်မယ့်သူရော ရှိပါ့မလား.....

------------------------------------------

နာကျင်မှူနဲ့ စိတ်ဓာတ်ကျမှူဆိုတဲ့ သီးသန့်ကမ္ဘာငယ်လေးထဲမှာ ကျွန်တော် တစ်ယောက်တည်းနေသားကျနေခဲ့ဖူးတယ် ကံဆိုတဲ့အရာကလည်းကျွန်တော့်ကို သဘောမကျပုံပါပဲ ကံဆိုးမှူတွေကိုပဲ နေ့စဉ်ရက်စက် ကြုံတွေ့နေရတာ ဥပမာ အဆင်ပြေနေပြီလို့ တွေးလိုက်တိုင်း ရုတ်တရက် ချော်လဲတတ်တာမျိုးပေါ့ 

ဒီလိုကံဆိုးမှူတွေက နေ့တိုင်းအဖော်ပြုပေးနေတဲ့ကျွန်တော့်ဆီကို ကံကောင်းမှူလေး တစ်ခု ကံကြမ္မာက ပေးလိုက်တယ်

အင်း ကံကောင်းမှူလို့ပဲ ဆိုရမလား လူတစ်ယောက်လို့ပဲပြောရမလား

သေချာတာကတော့ သူရောက်လာတည်းက ကျွန်တော့်ဘဝက အရောင်အသွေးစုံလင်လာခဲ့တာပါပဲ

The EXIT (SunSun)Where stories live. Discover now