Arc-2.13
"အားလုံးပဲ ခန်းမထဲသွားရအောင်!"
ဆုကီကဧည့်သည်တွေကိုအားနာနေတာမို့ဒီလိုလုပ်လိုက်ရခြင်းပေ။ ဒါ့အပြင် ဒီလူအုပ်ကိုရစရာမရှိအောင်ဖျက်ဆီးချင်သောကြောင့်လည်းပါသည်။ ဖိအားကြီးမားလှတဲ့Pheromoneတွေကြောင့်မည်သူမှသူ့ကိုမလွန်ဆန်နိုင်။ခန်းမထဲမှာဧည့်သည်တချို့နဲ့သတင်းထောက်တချို့ကတမျှော်မျှော်ကြည့်နေကြသည်။ ဂျွန်ကသူ့အဖိုးရဲ့ဝှီးချဲလ်ကိုလက်တစ်ဖက်ဖြင့်တွန်းလာပြီး အားနေသည့်လက်ကဆုကီရဲ့လက်ကိုတင်းတင်းဆွဲထားသည်။
သတင်းထောက်တွေကလည်းတူညီတဲ့ရုပ်ရည်ကြောင့်အံ့အားသင့်ကုန်သည်။
သူကစင်မြင့်ပေါ်ကမိုက်ကိုခပ်တည်တည်တက်ယူလိုက်ပြီး
"မိတ်ဆက်ပါရစေ...ဆုကီကိုသိတယ်မလား"ဆုကီကိုလက်ညှိုးညွှန်ကာပြောသည်။ ဆုကီကအရင်ဗိုလ်ကြီးဟောင်းရဲ့သားဖြစ်သလို လက်ရှိဗိုလ်ကြီးရဲ့ဇနီးလောင်းမို့မသိသူမရှိပေ။
ဂျွန်ကသူ့ကိုယ်သူလက်ညှိုးညွှန်ကာ...
"ကျွန်တော်ကဆုကီရဲ့အငယ်ဆုံးသား အသက်က၂၇ရှိပါပြီ...ပြီးတော့ဆုကီမှာ အမွှာမြေးသုံးရောက်ရှိတယ် အကယ်၍ကျွန်တော်အကိုသာချောချောမွေ့မွေ့မွေးဖွားနိုင်မယ်ဆို ဆုကီက မြေး၅ယောက်ရှိသွားပြီ"သူဘာပြောနေမှန်းလူတွေကနားမလည်ကြပေ။ ခေတ္တလောက်ဆက်စပ်တွေးကြည့်မှ သူဆိုလိုတာအရိပ်အမြွက်ပေါ်လာသည်။
ဒါဆိုသခင်လေးဆုကီကအိမ်ထောင်ရှိပြီးသားပေါ့။ ဒါဆိုဒီလက်ထပ်ပွဲကကော...
"မင်းကဘာမို့လို့လဲ"
ဆုကီရဲ့ဦးလေးကမကြောက်မရွံ့ပြောသည်။"နိမ့်ကျတဲ့သူကသိဖို့မလိုဘူး" ပြောပြီးချင်းသူ့မိခင်စိတ်ဆိုးမဆိုးအခြေနေကြည့်ရသေးသည်။
ဗိုလ်ကြီးကတော့လုံးဝတိတ်ဆိတ်နေ၏။ ဒီလူငယ်ကအင်ပါယာအထိတိုင်ချက်ဖွင့်ထားတယ်။ ဒါကဘာမှမဖြစ်ဘူး...တိုင်ချက်တွေတိုင်းကသူ့နံပါတ်စဥ်အလိုက်စစ်ဆေးမှာမို့အနည်းဆုံးရက်အနည်းငယ်ကြာနိုင်သည်။ ဒီလိုချက်ချင်းတုန့်ပြန်တာကထူးဆန်းလွန်း၏။ ဒါမှမဟုတ်ကြိုတိုက်ချက်ပို့ထားတာလဲဖြစ်နိုင်သည်။ မသေချာမရေရာတာမို့သူမိဘတွေကိုဘာမှဆက်မပြောရန်အချက်ပြထားလိုက်သည်။
YOU ARE READING
I am A System 30 (series-2) Arc-2
Подростковая литератураU ဘာမှန်းမသိတဲ့အပြစ်တွေကြောင့်hostပေါင်းများစွာနှင့်ကိုယ်တွယ်လက်တွဲနေရ သည့်system30 အမြဲကလိန်ကကျစ်ကျလွန်းလို့မှတ်ဉာဏ်အဖျက်ခံထားရသည့်host Mature onထားပါတယ်နော် .... ×ကျွန်တော်တို့က တစ်ယောက်ထဲအပေါ်မှာသစ္စာရှိပါမယ်... ×သူကလွဲပြီးတခြားသူထိလို့မရတာဘာကြော...