Chapter 27
တစ်ယောက်မှာ အနိမ့်ဆုံးနှင့် အလယ်အလတ်အဆင့်ရှိ ဂြိုလ်သားရဲကောင်များကို တားဆီးရန်အခက်တွေ့နေပြီး ကျန်နှစ်ယောက်ကတော့ ကင်ပြီးသားအစာကို အမြန်စားကာ အရှိန်တင်ကားပေါ်တက်ပြီး နောက်တစ်နေရာကို ဆက်တိုက်ရန် စီစဉ်နေသည်။
ဂြိုလ်သားရဲများ၏တိုက်ခိုက်မှုကိုတားဆီးရန် ကျန်ခဲ့သော ချောင်းမင်ယောင်က...
"ငါဘာလို့အရင်စားလို့မရတာလဲ ဗိုက်ဆာနေတာလေ အိုကေလား..."
ေ၀့ယွမ်:.. "ငါလဲဗိုက်ပြည့်နေမှ အမိန့်ပေးလို့ရမှာပေါ့..."
ယဲ့ရှီ:... "နင်ကလှတယ် နင်အရင်စား ငါကချောတယ် နောက်ဆုံးမှစားမယ်"
လင်းယောင်ယောင်:... "အာ.. ငါတို့ နင့်အတွက် အများကြီး ချန်ထားပါတယ်"
သူမ စွမ်းအင်တွေ ကုန်ဆုံးသွားသောကြောင့်လင်းယောင်ယောင် စွမ်းအင်ပြန်လည်ဖြည့်တင်းရန် အရေးတကြီး လိုအပ်နေသည်ဟု ခံစားလိုက်ရသည်။ထို့ကြောင့် သူမက ခရမ်းရောင်မိုးကြိုးငှက်တစ်ဝက်ကို တစ်ယောက်တည်းစားခဲ့သည်။
ေ၀့ယွမ်က အလုပ်များနေချိန် နည်းနည်းနောက်ကျသွားသည်ကို သတိရလိုက်ပြီး လင်းယောင်ယောင်အားမေးလိုက်သည်။
"ဒါ နင်ပထမဆုံး ဂြိုလ်သားအသားစားဖူးတာလား အဲ့ဒီလိုဆို သူ့မှာပါတဲ့ စွမ်းအင်က သာမန်အစားအစာတွေထက် အများကြီး ပိုကြွယ်ဝတယ် နင့်ရဲ့ အားနည်းတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ အစာကြေဖို့ နည်းနည်းတော့ ခက်လိမ့်မယ်နော်…”
လင်းယောင်ယောင်: "...အဆင်ပြေပါတယ်..."
သူမ စကားမဆုံးခင် အလွန်ဗိုက်ပြည့်လာပြီး သည်းမခံနိုင်တော့သလို ဗိုက်လည်းအောင့်လာသည်။
ကျောင်းသားများက တက်ကြွစွာအကူအညီမတောင်းဘဲနှင့် အသက်အန္တရာယ်ရှိသောအခြေအနေမဟုတ်ပါက ကယ်ဆယ်ရေးအဖွဲ့မှ ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ပေ။
ဆက်သွယ်ရေးစက်မှာ ပျက်သွား၍ အကူအညီတောင်းဖို့ မဖြစ်နိုင်တော့သော်လည်း လင်းယောင်ယောင် အခြေအနေက အသက်အန္တရာယ် မစိုးရိမ်ရပေ။ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက သူတို့အဖွဲ့အား အဝေးမှ လိုက်ရန် ကိုယ်ပျောက် တိုက်လေယာဉ်ကို မောင်းနှင်ခဲ့သည်။
ŞİMDİ OKUDUĞUN
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romantizm💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...