အကြီးဆုံးသမီး👩

1.6K 146 0
                                    

Chapter 177

ကျန်းယန်ရှန့်က ဖခင်ဖြစ်သူကို ပိုက်ဆံတောင်းရန် မလွယ်ဟု တွေးလိုက်မိသည်။ ကျန်းဟွမ်သည် နှစ်ဘဝလုံးတွင် ပထမဆုံးအကြိမ်အဖြစ် သူမအား ပိုက်ဆံပေးရန် ငြင်းဆိုလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။သူမက ရုပ်ရှင်တစ်ကားတွင် ရင်းနှီးမြှုပ်နှံလိုကြောင်း ကျန်းဟွမ် အား ပြောလိုက်သောအခါ ကျန်းဟွမ် က သူမရင်းနှီးမြှပ်နှံရန် စီစဉ်ထားသည့် ငွေကြေး မည်မျှရှိသည်ကို မေးမြန်းလိုက်သည်။

"သမီး စစ်ပြီးပြီ...အကောင့်ထဲမှာ ၄ သန်းထက် မနည်း ရှိတယ်...အားလုံးကို ထုတ်မလို့... စုစုပေါင်း ယွမ် ၁၀ သန်း လိုတယ်...”

"အဖေက ဘယ်လောက် ပေးရမလဲ...."

"အဖေက ၆ သန်းပေးရမှာ... ဒါမှ ၁၀ သန်းဖြစ်မှာ..."

ယခင်ဘဝက  သူမသည် အိမ်မှာ မနေဘဲ အပြင်ထွက်နေခဲ့ပြီး အိမ်သို့ ပြန်လာတိုင်း ဖခင်ဖြစ်သူအား ပိုက်ဆံတောင်းခဲ့သည်။ ကျန်းဟွမ်က သူမ,လိုချင်သမျှ ယွမ်သန်းဆယ်ချီအထိ ပေးခဲ့‌လေသည်။ အထက်တန်းကျောင်း တက်နေသော သူမအတွက် ယွမ် ၆ သန်းမှာများပြားသော်လည်း ဤပမာဏသည် ကျန်းဟွမ် အတွက် အသေးအဖွဲ ကိစ္စမျှသာဖြစ်သည်။

လူကြီးတစ်ယောက်က ကလေး တစ်ယောက်အား မုန့်ဖိုးအဖြစ် ငွေအနည်းငယ်မျှ ပေးနိုင်သော်လည်း ရင်းနှီးမြုပ်နှံမှု တစ်ခုအတွက်မူ  ငွေကြေးများစွာ ပေးမည်မဟုတ်ပေ။

"ဒီပိုက်ဆံကို  အဖေ မပေးနိုင်ဘူး..."

ကျန်းဟွမ် က ပြောလိုက်သည်။

ကျန်းဟွမ် ၏ စာကြည့်ခန်းထဲရှိ သားရေထိုင်ခုံပေါ်တွင် ထိုင်နေသော ကျန်းယန်ရှန့် အံဩသွားရလေသည်။

"သမီး မုန့်ဖိုးလိုချင်ရင် ဒါမှမဟုတ် ၆ သန်းတန် ကားတစ်စီး ဝယ်ချင်တယ်လို့ အခု အဖေ့ကို ပြောရင်တောင် အဖေ ချက်ချင်း ပိုက်ဆံပေးမိမှာပဲ...ဒါပေမယ့်  ရင်းနှီးမြှုပ်နှံချင်တယ် ဆိုရင်‌တော့ အဖေ့ကို အကြောင်းပြချက် ပေးရမယ်..."

ကျန်းယန်ရှန့် မှာ ဖခင်ဖြစ်သူကို မယုံနိုင်ဖြစ်နေလေသည်။

အကြီးဆုံးသမီး👩Où les histoires vivent. Découvrez maintenant