𝖴𝗇𝗂
ကြည်လင်သန့်ရှင်းနေတဲ့ကောင်ကင်ပြာပြာအောက်မှာ လူအများက ကိုယ်စီကိုယ်စီ သွားလာလို့နေကြ၏။
Paris မျှော်စင်ရဲ့ဘေးပတ်ပတ်လည်မှာလည်း ချစ်သူရည်းစားတွေ၊မိသားစုတွေ၊သူငယ်ချင်းတွေ အကုန်လုံးနီးပါးက ဓာတ်ပုံရိုက်တဲ့သူကရိုက်သလို သူတို့ပျော်ရွှင်ရာကိုလုပ်နေကြတဲ့သူတွေကလည်း ရှိနေသည်။
ဆောင်းဦးကုန်ခါနီးဆိုပေမယ့် အဆက်မပြတ်ကြနေတဲ့ နှင်းဖြူဖြူတို့က ရာသီဥတုကို ပံ့ပိုးကား ပိုလို့အေးနေစေသည်။
သိုးသားမာဖလာ အဖြူရောင်ကို နှစ်ထည်လောက် လည်ပင်မှာပတ်ကာ အနွေးထည် သုံးထပ်နီးနီးထိ ဝတ်ထားသည်တောင် ရာသီဥတုကိုအံတုလို့မရခဲ့ပေ။အသက်ရှုတိုင်း ပါးစပ်ထဲက ဝှေ့ထွက်သွားတဲ့လေငွေ့တွေက သေချာပေါက် အေးစက်နေမှာ အမှန်ဖြစ်၏။
ဘယ်လောက်တောင်အေးနေပြီလဲဆိုရင် နှာထိပ်မှာ ခဲတော့မယ့်သယောင် နီရဲနေသည့် နှာခေါင်းတို့ကသက်သေဖြစ်မည်။နားကြပ်ထဲမှာ ငြိမ့်ငြိမ့်လေးလာနေသော သီချင်းတို့က အရာအားလုံးကိုပြီးပြည့်စုံနေပြီမဟုတ်လား။
ဆောင်းနှင်းဖြူဖြူရယ်။သံစဉ်လှလှလေးရယ်။အကြိုက်နှစ်သက်ဆုံးသော ဆောင်းရာသီရယ်။ဒါပေမယ့် နှလုံးသားတံခါးရဲ့သော့တစ်ခုကတော့ ယခုထိ လွတ်ဟာနေတုန်းပဲထင်သည်။
ရေတွက်ကြည့်ရင် အသက်ပင် နှစ်ဆယ့်ရှစ်ဖြစ်နေပြီ။မကြာခင်ပဲ သုံးဆယ်ပြည့်တော့မည်။အခုထက်ထိ ဘာကိုမှမထူးခြားသေးတာကတော့ မဟုတ်သေးပါဘူးလေ။ရှုပ်ထွေးနေတဲ့အတွေးတွေကြား ဘယ်လောက်တောင်နစ်မြောခဲ့သလဲမသိဘူး။သီချင်းပင်နောက်တစ်ပုဒ်ပြောင်းသွားသလို လျှောက်လမ်းကလူတွေကလည်းပိုလို့များပြားလာနေပြီ။
လူထုကြားကအငွေ့အသက်တွေက မာဖလာပိတ်ဆိုးထားတဲ့နှာခေါင်းကို လာရောက်ကပ်နှံလို့နေ၏။
ရေမွှေးနံ့စူးစူးတွေနဲ့ အဆောင်အယောင်နံ့တွေက သာယာတဲ့ရာသီဥတုနဲ့မှမလိုက်ဖတ် ဆိုးရွားလို့နေခဲ့သည်။ရုတ်တရက်။
" မွှေးလိုက်တာ " ဆိုတဲ့အတွေးနဲ့အတူ ဘေးကဖြတ်သွားတဲ့ လာဗန်ဒါနံ့သင်းသင်းလေးတစ်ခု။
မူးဝေစေတဲ့အနံ့တွေကြားကနေ စိတ်လန်းစေတဲ့အနံ့လေးကိုရတဲ့အခါမှာ ဟီဆွန်းရဲ့ခန္ဓာကိုယ်ကအနံ့လာရာလမ်းကြောင်းဆီကိုလှည့်သွားခဲ့သည်။
YOU ARE READING
𝗗𝗮𝘆𝗟𝗶𝗴𝗵𝘁 [ 𝗵𝗲𝗲𝘄𝗼𝗻 ]
Romance- 𝒊 𝒅𝒐𝒏'𝒕 𝒘𝒂𝒏𝒏𝒂 𝒍𝒐𝒐𝒌 𝒂𝒕 𝒂𝒏𝒚𝒕𝒉𝒊𝒏𝒈 𝒆𝒍𝒔𝒆 𝒏𝒐𝒘 𝒕𝒉𝒂𝒕 𝒊 𝒔𝒂𝒘 𝒚𝒐𝒖 ---